Connect with us

Hi, what are you looking for?

သတင်း

ဒရုန်းဗုံးထိမှန်ဒဏ်ရာရတဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် သေဆုံး

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ-၂၄၊၂၀၂၆၊မိုမို/People’s Spring

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အဲဒီဒုရဲအုပ်ဟာ အခုဇန်နဝါရီ ၁၂ရက်က ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်ရင်းအနီးလမ်းဆုံက စစ်တပ်ဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ ဒဏ်ရာရတဲ့သူလေးဦးထဲပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က(ဇန်နဝါရီ ၂၃ ရက်)က သင်္ဂြိုလ်တယ်။မိုးကောင်းရပ်ကွက်သချိုင်းမှာပဲ”လို့ အသက်(၄၀)အရွယ် ဂန့်ဂေါမြို့ခံသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိဂန့်ဂေါမြို့မှာ ခလရ(၅၀)တပ်ရင်းက တပ်သားတွေ ဦးဆောင်ပြီး မြို့ပတ်ပတ်လည်နေရာတွေမှာ ကင်းပုန်းတွေ ချထားတယ်လို့လည်း သူက ပြောပါတယ်။

“ဂျန်ဘာအကောင်းတွေကို အရင် ခလရ ၅၀ ကဗျူဟာမှူးလှမျိုးထွဋ်က အကုန်မသွားတာ။မကောင်းတာတွေပဲ ကျန်ခဲ့လို့ ဒရုန်းတွေ တားမရဘဲ ဝင်နိုင်ခဲ့တယ်”လို့ ဂန့်ဂေါမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့လက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်တပ်အခြေစိုက်ရွာတွေကို ကာကွယ်ရေးတပ်တွေက စစ်ဆင်ရေး ဖော်ဆောင်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီး ကျေးရွာနှစ်ရွာကို သိမ်းပိုက်ပြီး စစ်အုပ်စုဘက်က ၄၀ ကျော်သေကာ လက်နက် ရှစ်လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေက ချင်းပြည်နယ်ရဲ့ အဓိကဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ ထိစပ်နယ်မြေဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ၊ စစ်ကြောင်းထိုးတာတွေ နဲ့ လက် နက်ကြီးပစ်ခတ်တာတွေ အဆတ်မပြတ်လုပ်နေပြီး စစ်ရှောင်စခန်းက အရပ်သားတချို့ထိခိုက်သေဆုံးတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။