စစ်ကိုင်တိုင်း ၊ကနီမြို့နယ် မှာ ချင်းတွင်းမြစ်အတွင်းခုတ်မောင်းနေတဲ့ စစ်ကောင်စီတပ်မော်တော်ယာဥ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့တိုက်ခိုက်တာမှာ မော်တော်တစ်စင်းမီးလောင်သွားပါတယ်။
စစ်ကောင်စီသဘော် မီးလောင်ပေါက်ကွဲပြီး ကမ်းကပ်သွားတာကို People’s Spring က ရရှိတဲ့ ရုပ်သံဖိုင်မှာတွေ့ရပါတယ်။ မီးလောင်သွားတဲ့ သဘော်ပေါ်က စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုအခြေအနေနဲ့ ကျန်သဘာ်တွေပါ ထိခိုက်မှု ရှိ၊မရှိကိုတော့ မသိရသေးပါဘူး ။တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့မှာ နိုင်ငံတစ်ဝန်းပြည်သူတွေက စစ်ကောင်စီကို ဆန့်ကျင်ကြောင်း၊အလိုမရှိကြောင်းအိမ်အပြင်မထွက်ဘဲတိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲနေကြချိန်မှ ဒေသခံကာကွယ်ရေးတပ်တွေက အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်စစ်ကို အရှိန်အဟုန်နဲ့ဆင်နွှဲနေတာဖြစ်ပါတယ်။


















































