Connect with us

Hi, what are you looking for?

ဗီဒီယို

ကနီမှာ​ ဒေသခံကာကွယ်​ရေးတပ်ကတိုက်ခိုက်၍ စစ်​ကောင်စီတပ်ရဲ့ သ​င်္ဘောတစ်စင်းမီး​လောင်

ဒီက​နေ့မှာ နိုင်ငံတစ်ဝန်းပြည်သူ​တွေက စစ်​​ကောင်စီကို ဆန့်ကျင်​ကြောင်း၊အလိုမရှိ​ကြောင်းအိမ်အပြင်မထွက်ဘဲတိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲ​နေကြချိန်မှ ​ဒေသခံကာကွယ်ရေးတပ်​တွေက အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံ​တော်လှန်စစ်ကို အရှိန်အဟုန်နဲ့ဆင်နွှဲ​နေတာဖြစ်ပါတယ်။

စစ်ကိုင်တိုင်း ၊ကနီမြို့နယ် မှာ ချင်းတွင်းမြစ်အတွင်းခုတ်​မောင်း​နေတဲ့ စစ်​ကောင်စီတပ်​​မော်​တော်ယာဥ်ကို ​ဒေသခံ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေက ဒီ​ကနေ့တိုက်ခိုက်တာမှာ ​မော်​တော်တစ်စင်းမီး​လောင်သွားပါတယ်။

စစ်​ကောင်စီသ​​ဘော် မီး​လောင်​ပေါက်ကွဲပြီး ကမ်းကပ်သွားတာကို People’s Spring က ရရှိတဲ့ ရုပ်သံဖိုင်မှာ​တွေ့ရပါတယ်။ မီး​လောင်သွားတဲ့ သ​ဘော်​ပေါ်က စစ်​ကောင်စီတပ်သား​တွေ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေနဲ့ ကျန်သဘာ်​တွေပါ ထိခိုက်မှု ရှိ၊မရှိကို​တော့ မသိရ​သေးပါဘူး ။တိုက်ပွဲ​တွေဆက်လက်ဖြစ်ပွား​နေတယ်လို့ သတင်းရရှိပါတယ်။

ဒီက​နေ့မှာ နိုင်ငံတစ်ဝန်းပြည်သူ​တွေက စစ်​​ကောင်စီကို ဆန့်ကျင်​ကြောင်း၊အလိုမရှိ​ကြောင်းအိမ်အပြင်မထွက်ဘဲတိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲ​နေကြချိန်မှ ​ဒေသခံကာကွယ်ရေးတပ်​တွေက အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံ​တော်လှန်စစ်ကို အရှိန်အဟုန်နဲ့ဆင်နွှဲ​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook