Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့ကို စစ်ကောင်စီဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အပါအဝင် ဒေသခံ၅ဦး သေဆုံး

စစ်တပ်က လွှတ်‌တော်ခေါ်နေချိန် စစ်ကိုင်းတိုင်းမှာ ၁၁ရက်အတွင်း အရပ်သား ၁၀၀ ကျော်ကို ဗုံးကြဲသတ်ဖြတ်

အာဏာသိမ်းစစ်တပ် ဂျက်ဖိုက်တာ နှစ်စီးကို တွေ့ရစဥ် (ပုံဟောင်း)။ ဓာတ်ပုံ - CINCDS

မတ်-၂၅၊ ၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဒီ‌နေ့ မတ်လ ၂၅ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံ ၅ဦး သေဆုံးခဲ့ပါတယ်။

ကောလင်းမြို့ အရှေ့ပိုင်း၊ ဖလဲရွာက မိသားစုဝင်ငါးဦးရှိတဲ့ အိမ်ပေါ်တည့်တည့်ကို ညနေ ၃နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အဲ့ဒီအမျိုးသမီးရဲ့ ယောက္ခမအပါအဝင် သက်ကြီးအမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့တာပါ။ တိုက်ပွဲလုံးဝမဖြစ်သလို ဖလဲရွာဟာ စစ်ရေးပစ်မှတ်မဟုတ်ဘူးလို့ ‌မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်တပ်လွှတ်တော်ခေါ်နေစဉ်မှာပဲ မြန်မာနိုင်ငံဒေသအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာပါတယ်။ မတ်လထဲမှာ စစ်ကိုင်းတိုင်းထဲက ကသာ၊ ကျွန်းလှ၊ ကနီ၊ မြောင်၊ အရာတော်နဲ့ မြင်းမူမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

မတ်လ ၁၅ ရက် ညနေက ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ဒေသခံ ၁၃ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိခဲ့ပါတယ်။

မတ်လ ၂၀ရက်က ကသာမြို့ကို ဗုံးကြဲလို့ လူ ၈၀ထက်မနည်းသေဆုံးခဲ့သလို စစ်ကောင်စီက ရုပ်အလောင်းတွေကို ဖျောက်ဖျက်ခဲ့ပါတယ်။

မတ်လ ၂၁ရက် နေ့လယ်ပိုင်းမှာ ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတချို့ထိခိုက်သေဆုံးခဲ့ပါတယ်။ မတ်လ ၂၂ရက်က အရာတော်နဲ့ မြင်းမူမြို့နယ်အစပ်ဒေသတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ရော Gyrocopter နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၂၃ရက် နေ့လယ်ပိုင်းမှာ မြောင်မြို့နယ် သောင်ကြီးရွာကို စစ်ကောင်စီကဗုံးကြဲလို့ ဒေသခံ ၆ဦး သေဆုံးပြီး ၂၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။