Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

​မတ်-၂၇ ရက်၊၂၀၂၆။ဟာနာဆန်/People’s Spring

​မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မနေ့က မတ်လ ၂၆ ရက် နေ့လယ် ၂နာရီ ၄၅မိနစ်ခန့်က မိတ္ထီလာလေတပ်စခန်းကတက်လာတဲ့ စက်တပ်လေထီး ၂စီးဟာ မလှိုင်မြို့နယ်အနောက်ဘက် ညောင်ကုန်းကျေးရွာကို ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

​အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ၃ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ဆယ်ကျော်သက်အရွယ် ကလေးငယ် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ ၊ ရဲဘော်များလည်း မနေဘူးပါဘဲနဲ့ ဗုံးသီး ၄လုံး ကြဲချသွားတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၈လုံးလည်း ဗုံးထိမှန်ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။

စစ်တပ်ဟာ မလှိုင်နယ်မှာ စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်မှု ၆ ကြမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးပြီး အရပ်သား ပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ လူထုသတင်းကွန်ရက်-မလှိုင်က သတိပေးနှိုးဆော်ထားပါတယ်။

စစ်တပ်ဟာ စက်သုံးဆီတွေ ရှားပါးနေတဲ့ကြားကနေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။

မတ်လ ၂၂ ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရကာ နေအိမ် ၁၅ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

မတ်လ ၂၂ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်အစပ်က မင်းရွာကြီးကျေးရွာပို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၁၁ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်တပ်ဟာ မတ်လ ၂၁ရက်ကလည်း ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဂျက်ဖိုက်တာ ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

မတ်လ ၁၅ရက် ညနေကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၃ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ သတင်းရရှိပါတယ်။

မတ်လ၂၀ရက်နေ့ကလည်း ကသာမြို့ကို ဗုံးကြဲလို့ လူ၈၀ထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။