Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆိပ် တိုက်ခိုက်ခံရမှုအတွက် အီရန်ကို ကူဝိတ် ရှုတ်ချ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့တုန်းက ကူဝိတ်စီးတီးမှာရှိတဲ့ ကူဝိတ်နိုင်ငံတကာ လေဆိပ်ကို အီရန်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁ ဦးသေပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း ကူဝိတ်မှာရှိတဲ့ သံတမန်ရေးရာ အဆောက်အအုံ တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – Reuters

နာရီပိုင်းလောက် အကြာမှာတော့ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး နိုင်ငံရဲ့ ဒုံးကျည်စီမံကိန်းတွေကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ကူဝိတ်လေဆိပ်ကို တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။ လေဆိပ်ရဲ့ ခရီးသည် အဝင်အထွက်လုပ်ရာ terminal တစ်ခုကို ထိမှန်ခဲ့တာဟာ ချွတ်ယွင်းပြီး ပျက်ကျတဲ့ အမေရိကန် လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်ခုသာ ဖြစ်တယ်လို့ အီရန်က တုံ့ပြန်ပါတယ်။ IRGCဟာ အစောပိုင်းတုန်းက ဒေသတွင်းမှာရှိတဲ့ အာရပ်နိုင်ငံတွေထဲက အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားဖူးပါတယ်။

ကူဝိတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခု တိုက်ခိုက်မှုမျိုးဟာ ဘာဆင်ခြေမှ ပေးလို့မရတဲ့ ရာဇဝတ်မှုမြောက်တဲ့ အတိအလင်း ရန်လိုမှုမျိုးအဖြစ် ရှုတ်ချခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးကလည်း အီရန် သံအရာရှိ ၂ ဦးကို ၂၄ နာရီအတွင်း နိုင်ငံကနေ ထွက်ခွာဖို့ ညွှန်ကြားခဲ့ပြီး အီရန်သံရုံး အကြီးအကဲကိုလည်း ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကူဝိတ်လေဆိပ်ကို ထိမှန်တာဟာ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်စင်းသာ ဖြစ်တယ်ဆိုတဲ့ IRGC စွပ်စွဲချက်ကို အမေရိကန် စစ်ရေး ကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က ပယ်ချခဲ့ပြီး အရပ်သား ပစ်မှတ် တစ်ခုဖြစ်တဲ့ လေဆိပ်ကို အီရန်က ရည်ရွယ်ချက်ရှိရှိ သေချာ တွက်ဆပြီး တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အခုသီတင်းပတ်ထဲမှာ အမေရိကန်က အီရန်ရေနံတင် သင်္ဘောတစ်စီးနဲ့ အီရန်ပိုင် ကက်ရှမ်ကျွန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ပင်လယ်ကွေ့ ဒေသထဲက အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ကြေညာထားပါသေးတယ်။ အမေရိကန်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ အီရန်ပိုင်နက်ထဲမှာ တိုက်ခိုက်မှုတချို့ လုပ်ဆောင်ခဲ့သလို ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံ ပိုင်နက်တွေဆီ ဦးတည်ပျံသန်းခဲ့တဲ့ အီရန် ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အီရန်က ဇွန်လ ၃ ရက်နေ့မှာ အိုမန် ပင်လယ်ကွေ့ထဲက အမေရိကန် ရေတပ်သင်္ဘောတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပေမယ့် CENTCOMက ငြင်းဆိုထားပါတယ်။

နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း ဧပြီလ ၈ ရက်နေ့ ကတည်းက ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကိုတော့ အီရန်ရော၊ အမေရိကန်ပါ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

လေဆိပ် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူဟာ အိန္ဒိယ နိုင်ငံသား တစ်ဦးဖြစ်ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံသား ခရီးသည်တချို့ပါ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အစုအဖွဲ့အဆို အခုလို တိုက်ခိုက်မှုမျိုး မလုပ်ဖို့ ထပ်လောင်း တောင်းဆိုကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ လက်ရှိ အပစ်ရပ် ကာလအတွင်း စစ်ပြေငြိမ်းရေးကိစ္စကို ဆက်လက် ညှိနှိုင်း ဆွေးနွေးနေပေမယ့် တိုးတက်မှုတွေကတော့ နှေးကွေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။