Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါးစပ်ကိုကွယ်ပြီး ပြိုင်ဘက်ကို စကားပြောလို့ ပထမဆုံး အနီကတ်ပြခံရသူ ဖြစ်လာတဲ့ ပါရာဂွေး ကစားသမား

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် အယ်လ်မီရွန်ဟာ ကမ္ဘာ့ဖလား ပွဲစဉ်အဖြစ် တူရကီနဲ့ ယှဉ်ပြိုင်ချိန်မှာ ပါးစပ်ကို လက်နဲ့ကွယ်ပြီး ပြိုင်ဘက် ကစားသမားကို တစ်ခုခု လှမ်းပြောခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒိုင်ဟာ ဖြစ်စဉ်ကို ဗီဒီယို မှတ်တမ်းနဲ့ ပြန်လည် စစ်ဆေးခဲ့တဲ့နောက် အယ်လ်မီရွန်ကို အနီကတ် ပြသခဲ့တာပါ။

ဒါဟာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က သတ်မှတ်ထားတဲ့ စည်းမျဉ်း အသစ်ကို အခြေပြုပြီး ပထမဆုံး အရေးယူ အပြစ်ပေးမှုလည်း ဖြစ်လာပါတယ်။ ဖီဖာဟာ ပြိုင်ဘက်အသင်းတွေကြားမှာ ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောရင် အနီကတ်ပြ ထုတ်ပယ်မယ်လို့ ကြေညာထားပါတယ်။ ဒါဟာ လူမျိုးရေး ခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ် သတ်မှတ်ထားတဲ့ စည်းမျဉ်း အသစ်ဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် စတင် မိတ်ဆက် ကျင့်သုံးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ဟာ အဲဒီ စည်းမျဉ်းကို အတည်ပြုခဲ့ပြီး ဖီဖာက လက်တွေ့ ကျင့်သုံးလာတာ ဖြစ်ပါတယ်။ စည်းမျဉ်းအရ ပြိုင်ဘက် ကစားသမား တစ်ယောက်ယောက်နဲ့ စကားအခြေအတင် ဖြစ်နေရင်း ပါးစပ်ကို လက်၊ လက်မောင်း၊ အင်္ကျီစတဲ့ တစ်ခုခုနဲ့ အုပ်လိုက်ရင် ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ် ပြသမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ဖက် စကားသမားတွေ အချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုနေရင်း ပါးစပ်ကို ကွယ်လိုက်တာမျိုးကတော့ ပြစ်မှု မမြောက်ပါဘူး။

Public Service Announcement

Public Service Announcement

ဒီစည်းမျဉ်းဟာ ဖေဖော်ဝါရီ လလယ်တုန်းက ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ ယှဉ်ပြိုင်ရင်း ပေါ်ပေါက်ခဲ့တဲ့ အငြင်းပွားစရာ တစ်ခုကို အခြေခံပြီး ပေါ်ပေါက်လာတာပါ။ ဘင်ဖီကာ ကစားသမား ဂီယန်လူကာ ပရက်စတီယန်နီဟာ ပါးစပ်ကို အင်္ကျီနဲ့ ကွယ်ပြီး ရီးရဲလ် ကစားသမား ဗင်နီရှပ်စ် ဂျူနီယာကို တစ်ခုခု လှမ်းပြောခဲ့ပါတယ်။ ဗင်နီရှပ်စ်က သူဟာ လူမျိုးရေးခွဲခြား စော်ကားတာ ခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ပေမယ့် တိတိကျကျတော့ သက်သေ မပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ပြိုင်ဘက်တွေကြား စကားများနေတဲ့ အချိန်မျိုးမှာ ပါးစပ်ကို လက်နဲ့ကွယ်တာမျိုး ခွင့်မပြုဖို့ စည်းမျဉ်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အယ်လ်မီရွန်ဟာ ပထမပိုင်း ပြီးခါနီး အချိန်လောက်မှာ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရတာပါ။ သူဟာ တူရကီ ကစားသမားတွေကို တစ်ခုခု စော်ကားပုတ်ခတ် ပြောဆိုခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတော့ တိတိကျကျ မရှိပါဘူး။ သူဟာ ပြဿနာ ဖြစ်ထားတဲ့ တူရကီ ကစားသမား မတ်မူလ်ဒူကို စကားပြောချိန်မှာ ပါးစပ်ကို လက်နဲ့ ကွယ်ခဲ့မိတာ ဖြစ်ပါတယ်။ ဖီဖာရဲ့ စည်းမျဉ်းအသစ်ကို သတိရသွားတဲ့ မူလ်ဒူက ဒီအကြောင်းကို ဒိုင်ဆီ အကြောင်းကြားခဲ့ပါတယ်။

ဗီဒီယို မှတ်တမ်းကို ပြန်ကြည့်ပြီးတဲ့နောက် အယ်လ်ဆာဗေးဒိုး ကွင်းလယ်ဒိုင် အိုင်ဗန် ဘာတန်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အယ်လ်မီရွန်ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ပါရာဂွေးဟာ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရပေမယ့်လည်း အယ်လ်မီရွန် အထုတ်မခံရခင် ရရှိထားတဲ့ သွင်းဂိုးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပွဲအပြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီရလာဘ်​ကြောင့် တူရကီဟာ ၂ ပွဲကစား ၂ ပွဲလုံးရှုံးပြီး အုပ်စုကပြုတ်သ​လောက်နီးပါဖြစ်သွားခဲ့ပါတယ် ။လက်ရှိ ​အ​မေရီကန်က ၂ ပွဲကန် ၂ ပွဲလုံးနိုင်ပြီး ရှုံးထွက် ၃၂ သင်းအဆင့်ကိုတက်​ရောက်သွားပါပြီ ။ ပါရာ​ဂွေးနဲ့ သြစ​တြေးလျတို့က တစ်ပွဲ နိုင် တစ်ပွဲရှုံးနဲ့ ၃ မှတ်စီရထားပြီး ​​နောက်ဆုံးပွဲစဥ်မှာထိပ်တိုက်ဆုံကြမှာပါ ။

ဒါ​ကြောင့် တူရကီတို့အတွက်​တော့အုပ်စု​နောက်ဆုံးပွဲမှာ ဇယားထိပ်က အ​မေရီကန် အသင်းကို အနိုင်ရခဲ့ရင်​တောင်၃ မှတ်ပဲရမှာမို့ အုပ်စုတတိယရဖို့မျှော်လင့်ချက်​တောင်ခပ်မှိန်မှိန်​လေးပဲရှိပါ​တယ် ။ သြစ​တြေးလျ နဲ့ ပါရ​ဂွေးပွဲမှာ အနိုင်အရှုံးမ​ပေါ်ပဲ သ​ရေဆိုရင် ၄ မှတ်စီရသွားမှာမို့ တူရကီ နိုင်လည်းအုပ်စု​နောက်ဆုံးပဲဖြစ်သွားမှာပါ ။

အုပ်စုဒုတိယပွဲစဥ်​တွေစတင်ယှဥ်ပြိုင်​နေရာမှာ အခြားအိမ်ရှင်ဖြစ်တဲ့ မက္ကဆီကို အသင်းကလည်း ၂ ပွဲကန် ၂ပွဲလုံးနိုင်ပြီး ရှုံးထွက် ၃၂ သင်းအဆင့်ကို ပထမဆုံးတက်​ရောက်နိုင်ခဲ့ပါတယ်။ကျန်အိမ်ရှင် က​နေဒါကလည်း တစ်ပွဲနိုင် ၊တစ်ပွဲသ​ရေ သွင်းဂိုးအသာနဲ့ အုပ်စုထိပ်မှာ ၄ မှတ်နဲ့ဦး​ဆောင်ပြီး ​​နောက်တစ်ဆင့်တက်ဖို့အလွန်အ​ခြေအ​နေ​ကောင်း​နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

အတွေးအမြင်

ဘောလုံးလောက၏ အကြီးမားဆုံးပွဲတော်ကြီးတခုကို ကမ္ဘာက အာရုံစိုက်ကြည့်ရှုနေချိန်တွင် တောက်ပသော ကွင်းကြီးများ၊ ကြယ်ပွင့်ကစားသမားများ၏ အရိပ်အောက်တွင် မေ့လျော့ကျန်ရစ်နေသည့် နောက်ထပ်ကမ္ဘာတခုရှိနေသည်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းကို အားပေးတဲ့ အနေနဲ့ လွှတ်တော် တက်နေတဲ့ နော်ဝေး အမတ်တွေဟာ လှေလှော်နေပုံနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ခေတ်သစ် ဘောလုံးအားကစားကို အစပျိုးခဲ့တဲ့ ဘောလုံးဘိုးအေ နိုင်ငံအဖြစ် တင်စားခံရတဲ့ နာမည်ကြီး အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ စတင်နိုင်ခဲ့ပါတယ်။