Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်ကို စစ်တပ်က လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲ၊ ရိုဟင်ဂျာကလေးတဦး ဒဏ်ရာအပြင်းအထန်ရ

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာ​ကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဒဏ်ရာရခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာ။ဓါတ်ပုံ-APM)

ဇူလိုင်-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာ​ကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ မနက်၁၁နာရီကျော်အချိန်မှာ ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်( စကခ ၁၅)ဟောင်းနေရာ၊ သပြုချောင်းရွာ၊ ရွာတော်ရွာနဲ့ ဝါချီးလားရိုဟင်ဂျာကျေးရွာအနီးတဝိုက်တို့ကို ဗုံးအလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တာပါ။

“လေးနေရာလောက်ကို လေယာဉ်အုပ်လိုက်နဲ့ ကြဲတာ။ခေါင်းပေါ်နိမ့်နိမ့်လေးကနေပျံနေခဲ့တယ်။ ဝါချီးလားရွာက ကောင်လေးတယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရစိုးရိမ်ရတယ်။ အဲဒီကောင်လေးက ဘောလုံးကွင်းကိုချ တဲ့အလုံးမှာ ထိသွားတာပါ” လို့ ဘူးသီးတောင်မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသွားတဲ့က​လေးငယ်ဟာ အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာဖြစ်ပြီး ဘယ်ဘက်ပေါင်ရိုးကျိုးကာ ခန္ဓကိုယ်အနှံ့မှာလည်း ကျည်စတွေထိမှန်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က လည်း မောင်တောမြို့ပေါ် ဟိန္ဒူရပ်ကွက်ကို ဗုံးကြဲခဲ့ပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ​သေးတယ်။ရခိုင်ပြည်နယ်စစ်တွေ၊ ကျောက်ဖြူ၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းစစ်မျက်နှာတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာအခုရက်ပိုင်းမှာရခိုင်ပြည်

နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစတဲ့နေရာတွေကိုပါ ဆက်တိုက်ဗုံးကြဲနေတာပါ။

ရခိုင်မှာပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင် ၁ ထိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ဂွ၊ ကျောက်ဖြူမြို့ နယ်တို့ကို လေကြောင်းကနေ အကြိမ်ရေဆယ်ချီ ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးကာ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“စစ်ကောင်စီက လူနေရွာတွေကို ဗုံးကြဲနေတာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ် တယ်။ ဒါတွေကို နိုင်ငံတကာက အရေးပေးဖို့လိုတယ်လို့ ပြောချင်တယ်” လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ် ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Facebook