Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၁၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာရွာပေါင်းစုံသပိတ်စစ်ကြောင်းက”အရေးကြီးပြီ ညီနောင်အပေါင်းတို့” စာသားကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

“အရေးကြီးပြီ ညီနောင်အပေါင်း”ဆိုတဲ့ စာသားအတိုင်းဒီအချိန်ဟာတော်လှန်ရေးအတွက် အရေးကြီး ဆုံး အချိန်ကာလ ဖြစ်ကြောင်း၊ ကိုယ့်အချင်းချင်း သေနတ်ပြောင်းလှည့်တာတွေကို ရပ်တန့် ပြီး အညီညွတ်ဆုံး အကြီးမားဆုံး အသန်မာဆုံး အင်အားနဲ့ ရန်သူကို အလဲထိုး အဆုံးသတ်ပေးကြဖို့ ရွာပေါင်းစုံသပိတ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်အတွင်းရှိအထက်တန်းကျောင်းတစ်ကျောင်းမှာလည်း ကျောင်းသားကျောင်းသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ဖျက်နေသော ကာလအတွင်း မှန်ကန်သောဆုံးဖြတ်ချက်ကို တိကျပြတ်သားစွာချနိုင်ဖို့၊ ယုံကြည်ချက်နဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့၊ အခက်အခဲတွေကို ကိုယ်ပိုင်စံတန်ဖိုးများနဲ့အညီ ကြံ့ကြံ့ခိုင်ရှေ့ဆက်နိုင်ဖို့၊ ယုံကြည်ချက်စံတန်ဖိုးနဲ့အတူ သိက္ခာရှိရှိရှေ့ဆက်တိုက်ပွဲဝင်နိုင်ဖို့အတွက် “နိုင်ငံရေးအပြောင်းအလဲကာလနဲ့ ကိုယ်ပိုင်စံတန်ဖိုး​တွေ ရှာဖွေဖော်ထုတ်ခြင်း အကြောင်းအရာတွေကို ဆွေးနွေးပို့ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကိုင်းတိုင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းစီးနင်းခံရမှုအပါအဝင် ဖြစ်စဥ် ၂ ခုမှာ ပလဖတာဝန်ခံနဲ့ ပြည်သူ ၃ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၇)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅၀)နှစ်ပြည့်အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook