ဇူလိုင် ၄၊ ၂၀၂၆ ဟာနာဆန်/People’s Spring
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်ပြီး လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ရေယာဥ် ၄၀ ကျော်ဟာ ဒီကနေ့ညနေပိုင်းမှာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။
ဒီကနေ့ ဇူလိုင် ၄ ရက် မနက်ပိုင်းက ဆင်ဖြူရှင်တံတားအထက်ဘက်ကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့လက်နက်ခဲယမ်းပါ ဖလက်သံခွန် သင်္ဘော(၂၆)စီးနဲ့ တိုက်ခိုက်ရေး စစ်သင်္ဘော (၂) စီးအပါအဝင် (၁၆)စီးဟာ ဒီကနေ့ ညနေပိုင်းမှာတော့ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းသို့ ရောက်ရှိကာ ကမ်းကပ်ထားကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သင်္ဘောအစီးရေများတယ်။ ကြေးထုတ်မလားမသိဘူး ကရိန်းရောပါလို့။ ခါတိုင်းထုတ်တယ်။ သယ်တယ်”လို့ အထက်ပါကော်မတီ တာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
စစ်သင်္ဘောတွေဟာ ၎င်းတို့တိုက်ခိုက်ခံရမှာစိုးလို့ မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် မြစ်ဘေးကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ချင်းတွင်းမြစ်ရေကြီးချိန် ရေကြောင်းကနေ လက်နက်၊ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သယ်ယူပို့ဆောင်လေ့ရှိပြီး အဲဒီလိုသယ်ဆောင်ချိန် မြစ်ကမ်းဘေးကျေးရွာတွေကို စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခက်တာ ၊ ပါရာမော်တာ ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးသီးချတာတွေ ပြုလုပ်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးထားပါတယ်။


















































