Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမှာလူအစုလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ ပျူတဦးကို တော်လှန်ရေးတပ်ဖွဲ့ဖမ်းမိ

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။

(​​တော်လှန်​​ရေးအဖွဲ့က ဖမ်းမိထားတဲ့ စစ်တပ်​လက်​အောက်ခံ ပျူ​စောထီးချစ်စနိုးကို ခေါ် မဲကြီး )

ဇူလိုင်-၇၊၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊မေလ ၁၂ ရက်ကဂန့်ဂေါမြို့ အမှတ် ၅၀ ​ခြေလျင်တပ်ရင်း(ခလရ ၅၀ )စစ်ကြောင်းဟာ လယ်မကျေးရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ရာ တော်လှန်ရေး အဖွဲ့ဝင်အချို့နဲ့ ပြည်သူ ၇ဦးအပါအဝင် ၁၁ဦးကို အစုလိုက်သတ်ဖြတ်ခဲ့တာပါ။ အဲဒီလိုသတ်ဖြတ်ခံရသူ တွေထဲမှာ ကလေးငယ် ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ချစ်စနိုးကို ခေါ် မဲကြီးဆိုတဲ့ ပျူစောထီးတဦးကို ဂန့်ဂေါမှာ ဇူလိုင် ၆ ရက်က ဖမ်းမိခဲ့ပြီး ဖမ်းမိသူကို စစ်ဆေးနေတဲ့ ရုပ်သံမှတ်တမ်းကို ယောအလင်းတန်းက ဖော်ပြပါတယ်။ ဖမ်းဆီးရမိသူဟာ ဂန့်ဂေါမြို့ပျူစောထီးခေါင်းဆောင်လို့ လူသိများတဲ့ ဖိုးဇော်ဆိုသူရဲ့ တပည့်ရင်းဖြစ်ပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Black Dragon Force အဖွဲ့က အရှင်ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် မဲကြီးရဲ့ ထွက်ဆိုချက်အရ လယ်မရွာ ကို စစ်ကြောင်းထိုးစဉ်မှာ ရဲနဲ့ စစ်သား အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်း ဖမ်းမိပျူစောထီးက ဝန်ခံခဲ့ပါတယ်။ သူတို့ဟာ စစ်ကြောင်းမှာ ပါဝင်ပေမဲ့ သေနတ်တောင် မပစ်ခတ်ခဲ့ရဘူးလို့လည်းဆိုပါတယ်။

ပျူစောထီးတွေကို အာဏာသိမ်းစစ်တပ်က လစဉ်မုန့်ဖိုးပေးတာရှိတယ်လို့လည်း သူက ထွက်ဆိုပါတယ်။

“ဂိတ်ကနေ ပေးတဲ့ မုန့်ဖိုးလောက်ပဲရတယ်” လို့ ပြောပြပြီး တလ ကျပ် ၁သိန်းခွဲ၊ ၂သိန်း ရတယ်လို့ ပြောပါတယ်။

ချစ်စနိုးကို (ခ) ပျူစောထီးမဲကြီးဟာ ခလရ ၅၀ စစ်ကြောင်းနဲ့အတူစစ်ကြောင်းထွက်တိုင်း ပါဝင်လေ့ရှိပြီး ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာရှိ စစ်တပ်ကာကင်းစခန်းကို ရက္ခာပို့ဆောင်ရာမှာလည်း ပါဝင်ခဲ့သူဖစ်သလို ဂန့်ဂေါ့မြို့အဝင်ဂိတ်မှာလည်း သုံးလခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ထွက်ဆိုထားပါတယ်။

ဖမ်းမိထားတဲ့ပျူစောထီးမဲကြီးကို Black Dragon Force (အထူးလှုပ်ရှားစစ်ကြောင်း)မှ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်မေးမှုတွေကို စနစ်တကျ လုပ်ဆောင်နေတယ်လို့လည်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်း ဆောမြို့နယ်အပါအဝင်ယောဒေသကိုစစ်အင်အားဖြည့်ပြီး ချင်းတောင်ပိုင်း မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်ချိန်မှာလည်း လမ်းတလျှောက်အရပ်သား ပြည်သူတွေကို ဖဖ်းဆီးတာ သတ်ဖြတ်တာတွေရှိခဲ့လို့ စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ ရန်ကို သတိထားဖို့ ယောအလင်းတန်း တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။