Connect with us

Hi, what are you looking for?

သတင်း

မဟာအောင်မြေကျောက်ဝိုင်းမှာပျူတွေက ခြိမ်းခြောက်ငွေတောင်း​​နေလို့ ကျောက်သမားတွေ အခက်​ကြုံ

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

(မန္တ​​လေးကျောက်ဝိုင်းတစ်​ခုကိုတွေ့ရစဥ်။(ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံံ-EPA)

ဇူလိုင်-၈၊၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ စစ်တပ်လက်​အောက်ခံပျူစောထီးတွေဟာ အုပ်စုဖွဲ့ပြီး ကိုယ်တိုင်ကျောက်လုပ်တာ

(သို့မဟုတ်) ကျောက်လုပ်သူတွေနဲ့ လိုက်ပါလာတာတွေရှိပြီး လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ အရောင်းအဝယ်ဖြစ်သွားတဲ့ ကျောက်သမားတွေဆီကနေ ခြိမ်းခြောက်​ငွေတောင်းတာတွေ ရှိနေကြောင်း ကျောက်သမားအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရောင်းအဝယ်ဖြစ်လိုက်ပြီဆိုရင် ဝိုင်းထဲမှာပဲ ဖြစ်ဖြစ်၊ လမ်းကနေ စောင့်ပြီး​​တောင်းတာဖြစ်ဖြစ် ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေ အမြဲလိုလိုလုပ်နေတယ်”လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။

ပျူတွေဟာ အုပ်စုဖွဲ့ငွေတောင်းယူတဲ့အပြင် ကျောက်သမားတွေကို အကြောင်းမဲ့ပြဿနာရှာတာ၊ ကိုယ်ထိလက်ရောက်ရမ်းကားတာတွေရှိနေတာကြောင့်ကျောက်အရောင်းအ

ဝယ်လုပ်တဲ့နေရာမှာ အခက်အခဲတွေရှိနေတယ်လို့ ကျောက်သမားတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေဟာ အာဏာသိမ်းကာလအစောပိုင်းတုန်းက ကျောက်ဝိုင်းပြင်ပမှာအရောင်း

အဝယ်လုပ်နေတဲ့ ကျောက်သမားအများအ

ပြားကို ဝင်ရောက်ဖမ်းဆီးပြီးဖမ်းဆီးငွေညှစ်တာ၊ ထောင်ချတာတွေ လုပ်ခဲ့ဖူးပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။