Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မြောင်းဖုံးသူခိုးတွေ ဖမ်းမမိလို့ ဝိုင်း​ဖမ်း​ပေးဖို့ မန်းစည်ပင် အကူအညီပြန်တောင်း

မန္တလေးမြို့မှာ မြောင်းအဖုံးခိုးယူသူတွေ ဖမ်းမမိလို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက ပြည်သူကို အကူအညီ ပြန်တောင်းနေရပါတယ်။

(မန္တလေးမြို့လမ်းမတနေရာမှာ မြောင်းအဖုံးကို ခိုးယူသွားတာကြောင့် အတားအဆီးပြုလုပ်ထားစဉ်။ ဓာတ်ပုံ - Mandalay City - MCDC)

ဇူလိုင် ၂၀၊ ၂၀၂၆ မေရီ/People’s Spring

မန္တလေးမြို့မှာ မြောင်းအဖုံးခိုးယူသူတွေ ဖမ်းမမိလို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက ပြည်သူကို အကူအညီ ပြန်တောင်းနေရပါတယ်။

မန္တလေးမြို့ နေရာအချို့မှာ မြောင်းအဖုံးတွေ ခိုးယူခံနေရပြီး မြောင်းက အပေါက်ကြီးဖြစ်သွားတဲ့အတွက်အန္တရာယ်တော်တော်များနေလို့ မလုပ်သင့်ကြောင်း စစ်ကောင်စီလက်အောက်ခံ စည်ပင်က ၎င်းတို့ရဲ့ MCDC Facebook Page ကနေ ရေးသားပါတယ်။

“ပြည်သူများအနေဖြင့် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက်ဝိုင်းဝန်းကူညီပေးဖို့လိုအပ်မှာဖြစ်သလိုခိုးယူနေတာသိရှိပါကလည်း စည်ပင်ကို သတင်းပေးပို့နိုင်ကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။”လို့ မန်းစည်ပင်က ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု မရှိတော့ဘဲ ခိုးဆိုးလုနှိုက်တွေ အဆမတန် များပြားလာပြီးနောက် ယခုအခါ လမ်းဘေးမြောင်းဖုံးတွေပါ အခိုးခံနေရလို့ ခိုးယူသူတွေကို ဝိုင်းဝန်းဖမ်းဆီးပေးဖို့ စစ်ကောင်စီလက်အောက်ခံ မန်းစည်ပင်ကပါ အကူအညီပြန်တောင်းလာရတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စည်ပင်အနေနဲ့ မြို့ပြသန့်ရှင်းသာယာလှပရေးနဲ့ လုံခြုံရေးကို တာဝန်ယူနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ပြည်သူလူထုထံ အကူအညီတောင်းခံနေရတာဟာ စစ်ကောင်စီယန္တရားရဲ့ အုပ်ချုပ်ရေးပျက်ပြားနေမှုကို ပိုမိုထင်ရှားစေကြောင်း မြို့ခံတွေက ဝေဖန်နေပါတယ်။

ဒီကနေ့ ညနေပိုင်းကပဲ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၃ လမ်းကြားက မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေပိဿာနဲ့ချီ ဆုံးရှုံးခဲ့ကာ ဓါးပြတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

သတင်း

ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။