Connect with us

Hi, what are you looking for?

သတင်း

စစ်​သား​တွေနဲ့စစ်ကား​တွေကို FPVဒရုန်းဖြင့်တိုက်ခိုက်တဲ့ရုပ်သံPDFထပ်မံထုတ်ပြန်

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

ဇူလိုင်-၂၉၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးနယ်မြေ နဲ့ အချိန်နေ့ရက်တွေကို ဖော်ပြမထားပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် အများအပြား စုဝေးနေတဲ့ နေရာအချို့နဲ့ စစ်တပ်ယာဉ်တန်း သွားလာနေစဉ် မှာFPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်း​တွေကို ဇူလိုင် ၂၉ရက်မှာထုတ်ပြန်ခဲ့တာပါ။

စစ်ဆင်ရေးနယ်မြေအသီးသီးရှိ စစ်ဆင်ရေးများအတွင်း ရန်သူစစ်တပ်အား FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သာ PDF စစ်ရုံးချုပ်က ဖော်ပြထားပါတယ်။ စစ်သား​တွေအုပ်စုလိုက် လမ်း​ဘေးမှာ အနားယူ​နေတုန်း ၊စစ်တပ်ယာဥ်တန်း​တွေ​မောင်နှင်​နေစဥ်မှာ FPV ဒရုန်း​တွေက အနီးထိပျံသန်းပြီးတိုက်လိုက်တာကို ဗီ​ဒီယိုမှာမြင်​တွေရပါတယ်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်တပ်သည် စစ်ဘေးရှောင် ပြည်သူ့နေအိမ်များမှ ခိုးယူဓားပြတိုက်ရန်သော်လည်းကောင်း၊ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးရန်သော်လည်းကောင်း၊ ရောက်လေရာဒေသတွင် နယ်မြေထိန်းချုပ်ရေးအကြောင်းပြပြီး အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ် ရန်သော် လည်းကောင်း နေရာအနှံ့သို့ ပေါ်တာဆွဲခံ ပစများ

(ပြည်သူ့စစ်များ)ကို လူသားတံတိုင်းအဖြစ်သုံး၍ စစ်ကြောင်းထိုးဝင်ရောက် လျက်ရှိရာ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်များအနေဖြင့်လည်း စစ်မျက်နှာအသီးသီးတွင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် နည်းလမ်းမျိုးစုံဖြင့် အပြင်းအထန်တုံ့ပြန်တိုက်ခိုက်လျက်ရှိပြီး ရန်သူ့တပ်သားများမှာလည်း နေ့စဉ် သေဆုံးအထိနာခြင်း၊ အပြင်းအထန်ဒဏ်ရာရခြင်းနှင့် အလင်းဝင်ခြင်း များ ရှိကြောင်း ဤရုပ်သံနှင့်တကွ အသိပေးအပ်ပါသည်” လို့​ဖော်ပြထားပါတယ်။

အခုနှစ်ပိုင်းမှာ PDFတွေ နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာ FPV ဒရုန်းတွေ အသုံးပြုပြီး စစ်တပ် ရဟတ်ယာဉ်​တွေ ၊ စစ်တပ်ရေယာဉ်​တွေ၊ကား​တွေ၊စစ်သားတွေကို မကြာခဏအထိနာအောင် တိုက်ခိုက်လာနိုင်ပါတယ်။

စစ်တပ်ကလည်းနည်းပညာမြင့်ဒရုန်း​တွေ၊ဂျန်မာတွေ အသုံးပြုလာပေမဲ့ ဒေသအချို့ တိုက်ပွဲတွေမှာတော့ တော်လှန်ရေးဘက်က FPV ဒရုန်းတွေ အသုံးပြုပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်နိုင်နေဆဲဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောပြထားပါတယ်။

ကချင်ဒေသနဲ့ ချင်းမြောက်ပိုင်း တိုက်ပွဲတွေ၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေက စစ်တပ်အထိနာအောင် FPV ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့မှု မြင်ကွင်းတွေကို ၂၀၂၆ ခုနှစ်အတွင်းမှာ ပိုမိုတွေ့မြင်လာရတာလည်းဖြစ်ပါတယ်။ ချင်းတောင်ပိုင်း တိုက်ပွဲတွေမှာလည်း ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ကို FPV ဒရုန်းတွေနဲ့ အထိနာ​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။