Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အနောက်ခြမ်းမှာ ‌‌‌ရေဘေးကြောင့် လူငယ် ၁ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

(ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်သပိတ်ဦးဆောင်ကော်မတီ)

ဩဂုတ်၁၃၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

ဩဂုတ် ၁၁ ရက်က လှ‌တွေကျေးရွာက (၁၈) နှစ်အရွယ်လူငယ်တွေ ‌‌ ရေကစားရင်း ၁ဦးဟာ ရေနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သမားရိုးက ၁ယောက်ကတော့ သူ့ရောဂါနဲ့ ဆုံးတာပါ။ရေဘေးကြောင့် သေဆုံးက ၁ဦးပဲရှိတယ်။ဒါပေမယ့် ရေဘေးဒုက္ခသည်ကတော့ တော်တော်များတယ်”လို့ ရွှေပန်းကုန်းတိုက်နယ်ပအဖတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဝင်နေတဲ့ ကျေးရွာ ၁၅ရွာ ရှိပြီး ပြည်သူအားလုံးကို ကယ်ထုတ်ပြီးကာ တရိစ္ဆာန်တွေကို ဆက်လက်ကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။

” တပ်ရင်းတွေဦး ဆောင်ပြီး ကယ်ဆယ်ရေးတွေဆက်တိုက်လုပ်နေတယ်။ပထမဆုံးက လူ့အသတ်ဦးစားပေး ပေါ့။အခုကလူကယ်ပြီးတော့ သူတို့ကလည်း တငိုငိုတရယ်ရယ်နဲ့မို့ နွားတွေထုတ်ပေးနေတယ်။မနေ့က အကောင်၁၀၀ကျော်ထုတ်ပြီးပြီ။ဒီနေ့ အကောင် ၁၆၀ လောက်ကျန် သေးလို့ဆက်ထုတ် နေတယ်”လို့ ရွှေပန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံက ပြောပါတယ်။

သဖန်းဆိပ်ရေလှောင်တမံက ရေလွှတ်ခဲ့ပြီးတဲ့နောက် မူးမြစ်ရေလျှံခဲ့သလို ဆည်ကျိုး‌‌မှု တွေဖြစ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ ဩဂုတ် ၆ရက်ကတည်းက ရေကြီးနေတာပါ။

​ရေ​ဘေးဒဏ်အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA)က ဩဂုတ် ၁၁ရက်မှာထုတ်ပြန်ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ ၊မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီးရေ​ဘေး ရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​ရေ​ဘေး​ကြောင့် ​သေဆုံးသူအ​ရေအတွက်ဆက်တိုက်တိုး​နေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်း​တွေအရ ​ကျွန်းလှမြို့နယ်မှာ ၈ ဦး ၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး ၊ကောလင်းမြို့နယ်မှာ ၃ ဦး​သေ ၂ ဦး​ပျောက်ဆုံး ၊တန့်ဆည်မှာ ၂ ဦး ၊​ရွှေဘို မှာ ၁ ဦး ၊ကန့်ဘလူမှာ ၁ ဦး ၊ခင်ဦး ၁ ဦး ​သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​နေပြီး ​ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ဒါ့အပြင် ကလေးနဲ့ မြောင်မြို့ နယ်ရှိရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလိုအရေးပေါ် တုံ့ပြန်မှုလုပ်ငန်း​တွေကို ဆောင်ရွက်​နေတယ်လို့ဆိုပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။