Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ရေဘေး WFP ကူညီမှု မျှမျှတတရှိဖို့ ဘေးသင့်သူတွေ တောင်းဆို

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

ဓါတ်ပုံ-WFP

သြဂုတ်-၁၃၊၂၀၂၆။ကဖေး/People’s Spring

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

WFP ရဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စတင်ဆောင်ရွက်ခဲ့တာလို့ ရေဘေးနဲ့ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ အတွက် လုံလောက်တဲ့အာဟာရဖြည့်ဘီစကွတ်မက်ထရစ်တန်ချိန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့အစည်း​တွေထံ ပေးပို့ထားပြီးဖြစ်တယ်လို့ ​ဖော်ပြပါတယ်။ဘီစကွတ်​တွေ ပို့​ပေးတဲ့ရက်ကို​တော့ ထုတ်ပြန်ချက်မှာ​ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

လက်ရှိမှာ ဧရာဝတီတိုင်းအပြင် မကွေးတိုင်း၊ မန္တလေး‌တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာရေဘေကြုံနေတာပါ။စစ်ကိုင်းတိုင်းဟာရေဘေးအဆ်ိုးဆုံးရင်ဆိုင်နေရတဲ့ဒေသဖြစ်ပါတယ်။

“ရေဘေးကိုလာလှူတယ်ဆိုမျှတဖို့လိုပါတယ်။WFP ထုတ်ပြန်ချက်ကို ‌တွေ့ပါတယ်။ ဒါပေမယ့် ကျမတို့လက်ထဲဘာဘီစကွတ်မှမရောက်ပါဘူး။ နောက်ပြီး မှားနေတယ်။ အခုလိုနေတာ အရေးပေါ် ရိက္ခာမျိုး မဟုတ်ဘူး။ ပြန်လည်ထူထောင်ရေးအတွက် လိုနေတာ”လို့ ဧရာဝတီတိုင်း၊ လေးမျက်နှာ မြို့ခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေဝင်နေပါတယ်။လက်ရှိမှာအရေးပေါ်အခြေအနေကို ကျော်လွန်ခဲ့ပြီလို့ အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“အရေးပေါ် ကယ်ထုတ်ပြီးနေပြီ။လိုနေတာကပြန်လည်ထူထောင်ရေး။စပါးတွေပျက်တယ်။လယ်တွေ ပျက်တယ်။ ဒီအတွက် အကူအညီလိုတယ်”လို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

ရေဘေးအဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းကို ကူညီထောက်ပံ့မယ့်အစီအစဉ် WFP ထုတ်ပြန်ချက်မှာ မတွေ့ရသေးပါဘူး။WFP အနေနဲ့ ရေဘေးအခြေအနေကို ဆက်လက်စောင့်ကြည့် အကဲဖြတ်နေပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေက အလိုအပ်ဆုံးဒေသတွေမှာ အကူအညီတွေတိုးချဲ့ပေးဖို့အသင့်ရှိနေကြောင်းနဲ့ ရေဘေးသင့်မိသားစုတွေဆီ အကူအညီတွေ အချိန်မီရောက်ရှိနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်နဲ့ အရေးပေါ်ရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်တပ်အလိုကျ ထောက်ပံ့တာမျိုးမဖြစ်စေချင်ဘူး။ကျွန်မတို့ စစ်ကိုင်းတိုင်းကို လာဖို့ တောင်းဆိုပါတယ်။စစ်တပ်ကကျမတို့အညာကို ပိတ်ဆို့ထားတယ်။ လူသားချင်းစာနာမှုခေါင်းစဉ်အတိုင်းဆို အညာကိုပါ ကူညီပါ”လို့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာအထက်ပိုင်းဒေသတွေ မိုးကြီးပြီး ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည် ရေလျှံခဲ့ပါတယ်။ဩဂုတ်လဆန်းမှာစစ်တပ်က လူထုကို အသိမပေးဘဲသဖန်းဆိပ်ဆည်ရေကို ဖောက်ချပြီးတဲ့နောက်ပိုင်း ဆည်အောက်ပိုင်းမြို့နယ်တွေမှာ ဆိုးရွားတဲ့ရေ‌ ဘေးကြုံတွေ့နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အဆိုးရွားဆုံး ခံစားနေရပြီး ဩဂုတ်လ ၁၂ ရက်နေ့အထိ စာရင်း တွေအရ မြို့နယ်ပေါင်း ၁၄ ခုရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ဆည်ရေတွေ ဖောက်ထုတ်ခြင်းတို့ကြောင့် စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၂၁ ခုမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦးနဲ့ လူဦးရေ စုစုပေါင်း ၄၅၂,၆၆၃ ဦးခန့် ရေဘေးကြုံနေတယ်လို့MoSLHAကထုတ်ပြန်ထားပါတယ်။

WFP ကတော့ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့်အကျိုးသက်ရောက်မှု တွေကို စောင့်ကြည့်လေ့လာလျက်ရှိပြီးရေဘေးသင့် ပြည်နယ်နဲ့တိုင်းအားလုံးရှိ လိုအပ်ချက်တွေကို အကဲဖြတ်ဆန်းစစ်နေတယ်လို့ အသိပေးထားပါတယ်။ရန်ပုံငွေအရင်းအမြစ်များအပေါ် မူတည်ပြီး အကူအညီအလိုအပ်ဆုံး နေရာတွေကို စားနပ်ရိက္ခာထောက်ပံ့မှု တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။WFP ဟာ ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

Trending

Facebook