Connect with us

Hi, what are you looking for?

သတင်း

ငသိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်ရေဘေး ဆိုးရွားနေ၊ သေဆုံးသူဦးရေ ထပ်တိုး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။

ဩဂုတ်၂၃၊၂၀၂၆။ ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။

ရေကြည်မြို့နယ်မှာ ဩဂုတ်၂၂ရက် ညနေမှာ ကလေးငယ် ၂ဦး ရေစီးနဲ့မျောပါသွားပြီး ၁ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

“ကလေးနှစ်ယောက်က ရေတွေတက်လာတော့ ရွာအနီးသုသာန်က သူတို့အဖေ အုတ်ဂူကို သွားကြည့်တာတဲ့။ ရေစီးကအရမ်းသန်တော့ မျောပါသွားတာ။ တစ်ယောက်ကတော့ ဝါးရုံမှာ ငြိကျန်ခဲ့တယ်။ တစ်ယောက်ကတော့ မတွေ့တော့ဘူး။ရေကြီးနေကြဒေသမဟုတ်တော့ အထိအခိုက်များတယ်”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဉ်ဟာ သြဂုတ်၂၂ရက် ညနေ ၆နာရီခန့်က ရေကြည်မြို့ နဲ့ကပ်လျှက် ဆင်ကူးချောင်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။

လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေတက်နေလို့ ယခင်က မကြုံဖူးတဲ့ရေဘေးမျိုးကိုကြုံတွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ငသိုင်းချောင်းတစ်မြို့လုံး မြုပ်နေတာ။လူမှုရေးအဖွဲ့တွေရဲ့အကူအညီရတယ်။ ဌာနဆိုင်ရာက ဝေလေလေပဲ။ မြို့ခံတွေ ကိုယ်ထူကိုယ်ထပဲလုပ်နေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ် ၁၈ရက်မှာလည်း လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၉ရက်မှာ နောက်ထပ် ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ‌ဘေးမှာ သြဂုတ် ၂၃ရက်အထိ ၁၀ဦးထက်မနည်းသေဆုံးထားပြီး ၂ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၈ရက်နဲ့ ၉ရက်မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာပြီး ဟင်္သာတ၊ရေကြည်၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။ ယမန်နေ့ သြဂုတ်၂၂ရက်ကလည်း သာပေါင်းမြို့နယ်ကချောင်းကူးတံတားတစ်စင်း ရေစီးနဲ့မျောပါပျက်စီးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

သတင်း

ရေကြီးမှုကြောင့် စပါးခင်းဧကထောင်ချီပျက်စီးမှုရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဆန် ၁အိတ်ကို ကျပ် ၂သိန်းခန့်အထိ စံချိန်တင် စျေးထိုးတက်လာခဲ့ပြီး အခြေခံလက်လုပ်လက်စားနဲ့ စစ်ဘေးရှောင်တွေ ဝမ်းရေးအခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်​ဘေးက စစ်ရှောင်ပြည်သူတွေရဲ့ တဲတွေ ရေထဲမျောပါပြီးနောက် နေထိုင်စားသောက်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။