Connect with us

Hi, what are you looking for?

သတင်း

မုဒုံမြို့ဘောလုံးပွဲ မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံး

မွန်ပြည်နယ် မုဒုံမြို့ ဘောလုံးကွင်းမှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

(မိုးကြိုးပစ်ခံရတဲ့ ကစားသမားကို သယ်ဆောင် လာစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ ၂၃၊၂၀၂၆။သုည/People’s Spring

မွန်ပြည်နယ် မုဒုံမြို့ ဘောလုံးကွင်းမှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ယမန်နေ့ ညနေ ၅ နာရီကျော်က မုဒုံမြို့ မြို့မ (၁) ရပ်ကွက် မီတာ ၄၀၀ အားကစားကွင်းမှာ မုဒုံအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆီမီးပွဲစဥ်အဖြစ် Lion City FC အသင်းနဲ့ တောင်ပေါ်သား FC အသင်းတို့ ယှဉ်ပြိုင်နေစဉ် မိုးကြိုးပစ်မှု ဖြစ်ပွားခဲ့တာပါ။

မိုးကြိုးပစ်မှုကြောင့် Lion City FC အသင်းရဲ့ ရှေ့တန်းကစားသမားဖြစ်သူ ကျောနံပတ် ၉ Sa Sa (ခ) သန်းတိုးအောင်ဟာ မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း မုဒုံမြို့ခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က ညနေပိုင်းက ဘောလုံးပွဲ ကျင်းပနေရင်း မိုးက ရွာလာတာပါ။ မိုးနဲ့အတူ မိုးကြိုးပစ်တာပါ ဖြစ်သွားတာပါ။ မိုးခြိမ်းပြီး မိုးကြိုးပစ်တာ သိလိုက်တော့ ကွင်းထဲက ကစားသမားတွေ လှဲချလိုက်ပါတယ်။ အဲ့ထဲမှာမှ ကျောနံပတ် ၉ Sa Sa က မိုးကြိုးထိမှန်ပြီး လဲကျသေဆုံးသွားတာပါ” လို့ မုဒုံမြို့ခံတစ်ဦးက ဆိုပါတယ်။

မိုးကြိုးပစ်ခံရတဲ့ ဘောလုံးသမားဟာ အသက် ၂၉ နှစ်အရွယ် သန်းတိုးအောင် (ခ) Sa Sa ဖြစ်ပြီး မော်လမြိုင်မြို့ စံပြအေးရပ်ကွက်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မိုးကြိုးပစ်ခံရတဲ့ ကစားသမား သန်းတိုးအောင်ကို လူမှုကယ်ဆယ်ရေးအဖွဲ့က မုဒုံမြို့ ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ မြို့ခံပရဟိတ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရွှေဆိုင်ကို ဓားပြတိုက်သူများက ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများက ပြောသည်။

Facebook