Connect with us

Hi, what are you looking for?

သတင်း

ရုရှားမှာအလုပ်လုပ်ဖို့တရားမဝင်ပို့ပေးမယ်ဆိုပြီး ​အေဂျင်စီအချို့ ဝန်​ဆောင်ခကြိုယူ​လူစုထား

စစ်​ကောင်စီအရာရှိအချို့နဲ့နီးစပ်တဲ့​အေဂျင်စီ​တချို့ပါဝင်

(စစ်​ကောင်စီ ပံ့ပိုးမှုနဲ့ ​အေဂျင်စီတစ်ခုက ရုရှားကိုအလုပ်ရမယ်ဆိုပြီးအလုပ်သမား​တွေ​စေလွှတ်စဥ်။ဓါတ်ပုံ-Thein Gandy)

အောက်တိုဘာ-၁၁၊၂၀၂၆။မီးအိမ်/People’s Spring

ရုရှားနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ အလုပ်သမားပို့ပေးမယ်ဆိုပြီး ဝန်​​ဆောင်ခကြိုယူကာ​လူစု​ဆောင်းထားတဲ့ ​အေဂျင်စီ​တွေထဲမှစစ်တပ်ခန့် အလုပ်သမားဝန်ကြီးဌာနရဲ့အကြီးအကဲတွေနဲ့နီးစပ်ပတ်သက်တဲ့ နာမည်ကြီးအေဂျင်စီတချို့ပါဝင်နေတယ်လို့ ပြည်ပလုပ်သားသားဈေးကွက်အကျွမ်းဝင်သူတွေနဲ သွားရောက်လုပ်ကိုင်ဖို့စုံစမ်းလေ့လာနေသူတွေက ပြောပါတယ်။

Top 1Services ကုမ္ပဏီနဲ့ တခြားအေဂျင်စီ ၂ ခုကစေလွှတ်လိုက်တဲ့ အလုပ်သမား၂၀နီးပါးဟာ ရုရှားစစ်သားစုဆောင်းရေးထဲရောက်သွားတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်မှာ အလားတူ လူစုဆောင်းနေတဲ့ အေဂျင်စီတွေရှိတယ်လို့ ပြည်ပထွက်ဖို့ကြိုးစားနေတဲ့အလုပ်သမားတချို့က ပြောပါတယ်။

“ရုရှားကို အောက်လမ်းကသွားရမယ်ဆိုကတည်းက စိတ်ထဲသံသယဖြစ်နေတာ။ ကိုယ်တိုင်တော့မချိတ်ဆက်ဖြစ်ဘူး။သူငယ်ချင်းတစ်ယောက်တော့ ပိုက်ဆံသွင်းလိုက်တာ၊ အခုအထိ မသွားရသေးဘူး “လို့ ပြည်ပထွက်အလုပ်လုပ်ဖို့လေ့လာနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတာချီလိတ်ကနေ ထိုင်းနိုင်ငံဘက်ကူးပြီး ရုရှားနိုင်ငံကို Top 1Services ကုမ္ပဏီက ပို့လိုက်တဲ့အလုပ်သမား ၁၉ ဦးကို ရုရှားစစ်တပ်ထဲပို့တာ​ကြောင့် စစ်တပ်ထဲဝင်ဖို့ငြင်းဆန်ပြီး စစ်ကောင်စီသံရုံးကို ဆက်သွယ်အကူအညီ​တောင်းခံ​​နေတယ်ဆိုတဲ့သတင်း ပြိးခဲ့တဲ့ အပတ်ကထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က Top 1Services ကုမ္ပဏီအပြင် အခြား အေဂျင်စီ ၂ခုလည်း ရုရှားကို အလုပ်သမားတွေကိုစေလွှတ်​နေတယ်လို့ သတင်းထွက်နေပေမယ့် အေဂျင်စီတွေရဲ့နာမည်မသိရသေးပါဘူး။

လက်ရှိမှာ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့အေဂျင်စီ တစ်ခုက တာချီလိတ်လမ်းကြောင်းကနေ ရုရှားပို့ဖို့အတွက် မိန်းကလေး​တွေအပါအဝင် ၁ဦးကို ဝန်​ဆောင်ခကျပ်သိန်း ၂၀၀လောက်ကြိုယူပြီးလူစုထားတာရှိတယ်လို့ ဖြစ်စဥ်ကိုသိရှိထားသူတွေက ပြောပါတယ်။

အဲဒီ​အေဂျင်စီကိုဦး​ဆောင်သူက မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအသင်း (MOEAA)မှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်နေသလို ဂျပန်နိုင်ငံကို လုပ်သားစေလွှတ်တာနဲ့ပတ်သက်လို့ လူသိများတဲ့အေဂျင်စီတစ်ခုဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာ​​ဖွေ​ရေးအေဂျင်စီလောကမှ ​ဈေးကွက်ကျွမ်းကျင်သူအချို့က​ပြောပါတယ်။

“ဆိုရှယ်အကောင့်မှာတော့ တခြားသူတွေကိုပုတ်ခတ်ပြီး၊သူကပဲသမာသမတ်ကျကျပို့​နေသယောင်နဲ့ အလုပ်သမားတော်တော်များများလည်းသိပါတယ် “လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ရုရှားကို ၂၀၂၅မတ်လကစပြီးပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vista Internationalက စစ်ကောင်စီ အလုပ်ဝန်ကြီးဌာနရဲ့ပံ့ပိုးမူနဲ့ အလုပ်သမားစမ်းသပ်စေလွှတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီနှစ်ကုန်ပိုင်းမှာရုရှားကို အလုပ်သမားစေလွှတ်ဖို့အတွက် နောက်ထက်ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄ခုကိုခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကထုတ်ပြောခဲ့ပါတယ်။ဒါ​ပေမယ့်နောက်ဆက်တွဲသတင်း​တွေကိုထုတ်ပြန်တာမရှိ​သေးပါဘူး။

ရုရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်တာနဲ့ပတ်သက်ပြီး Vista Internationalကုမ္ပဏီက အခုနှစ် ဧပြီလကုန်ပိုင်းမှာလွှတ်ခဲ့တဲ့၂၂ဦးအပါအဝင် အဲဒီကုမ္ပဏီ​က ၁နှစ်နီးပါးအတွင်း လုပ်သားဦးရေ ၂၀၀​လောက်တရားဝင်လွှတ်ခဲ့တယ်ဆိုတဲ့ထုတ်ပြန်ချက်တွေပဲ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း နိုင်ငံဟာ တခြားခေါင်းဆောင်တစ်ဦးကို ရရှိသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျပန်တရားသူကြီး တိုမိုကို အက်ကာနီနဲ့ နောက်ထပ် ICC အရာရှိ ၈ ဦးကို လွှဲပြောင်းပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုမှုအပေါ် ဂျပန်အစိုးရက အပြင်းအထန် ဝေဖန် ကန့်ကွက်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဘတ်စ်ကားတွေကို တမင်ရည်ရွယ်ပြီး ရုရှားက တိုက်ခိုက်ခဲ့လို့ လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။

Trending

Facebook