Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်မှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး အပူရှပ်ပြီး လဲကျသေဆုံး

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

(အပူရှပ်(Heat Stroke )ပြီး ​မူးလဲ​သွားတဲ့အမျိုးသားကို ပြည်သူ​တွေက ဝိုင်းဝန်းကူညီ​နေစဥ်။ ဓါတ်ပုံ-MFSD )

အောက်တိုဘာ-၁၂၊၂၀၂၆။ရောင်နီ၊သုည/People’s Spring

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဒီက​နေ့မှာ အပူရှပ်( HeatStrokeဖြစ်ပြီး) လဲကျသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

​အောက်တိုဘာ ၁၂ နေ့လည် ၁၁ နာရီကျော်က ဆူးလေဘုရားလမ်းနဲ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး Heat stoke ကြောင့် မူးလဲတာကို သွားရောက်ကူညီချိန်မှာသေဆုံးနေပြီဖြစ်ကြောင်းကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါအမျိုးသားမူးလဲချိန်မှာ အနီးအနားကပြည်သူတွေက သတိပြန်ရလာဖို့ ကူညီပေးနေတဲ့ ဗီဒိယိုဖိုင်လည်းတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ အမျိုးသားက ဒဂုံဆိပ်ကမ်းမြို့နယ်ကဖြစ်ပြီး တက္ကစီမောင်းသူဖြစ်တယ်လို့ ​ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“လူနာအမျိုးသားက ကျွန်တော်တို့ ရောက်တဲ့အချိန် အခြေအနေ မကောင်းတော့ဘူး။ ခဏကြာတော့ ဆုံးသွားပါတယ်။ သူက သွေးတိုးရောဂါအခံလည်း ရှိတယ်လို့တော့ သိရတယ်။ အပူရှိန်ပြင်းတော့ Heat Stroke ဖြစ်ပြီး မူးလဲရာကနေ အသက်ပါ ပါသွားတာပါ။ လူနာက အဌားယာဥ်မောင်း ဦးအောင်ဌေးလို့ သိရပါတယ်” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူ အသက် ၆၅ နှစ်အရွယ် ဦးအောင်ဌေးဆိုသူ ဖြစ်ပြီး သေဆုံးသူရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတအဖွဲ့ထံမှသိရ ပါတယ်။

စူပါအယ်လ်နီညိုဖြစ်​နေတာ​ကြောင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ​ဒေသအများစုမှာ​ဆောင်းရာသီဝင်ကာလဖြစ်​ပေမယ့် အပူရှိန်​တွေကပုံမှန်ထက်ပူ​နေပါတယ်။​

အောက်တိုဘာ ၁၀ ရက်​နေ့မှာ မိုး​လေဝသစခန်းရှိတဲ့​ဒေသ​တွေထဲက ဖျာပုံ နဲ့ ​ဇောင်းတူ ​ဒေသမှာ အပူရှိန်စံချိန်သစ်တင်ခဲ့ပါတယ် ။ ​ဇောင်းတူ​ဒေသမှာ ​အောက်တိုဘာ ၁၀ ရက်မှာအပူချိန်၃၁. ၁ ဒီဂရီဆဲလ်စီးယပ် (၉၈.၈ ဒီဂရီဖာရင်ဟိုက်) ရှိပြီး စခန်းစတင်ဖွင့်လှစ်တဲ့ ၃၉ နှစ်အတွင်းအပူချိန်အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မိုး​လေဝသနဲ့ ဇလ​ဗေဒဌာနကထုတ်ပြန်ပါတယ်။

အလားတူဖျာပုံမှာလည်း ​အောက်တိုဘာ ၁၀ ရက်က အပူချိန် ၃၆.၂ ဒီဂရီဆဲလ်စီးယပ်(၉၆.၈ ဒီဂရီဖာရင်ဟိုက်)ရှိပြီး ၂၅ နှစ်အတွင်းအပူချိန် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

စူပါအယ်လ်နီညိုကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီအထိ လူ​ပေါင်း ၁,၂၀၀ ​ခန့် သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က ခန့်မှန်းတွက်ချက်ထားပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က လူ​ပေါင်း ၄၅၁,၀၀၀ အန္တရာယ်ရှိ​နေပြီလို့ အဓိပ္ပါယ်ရတဲ့ သု​တေသနစာတမ်းမှာ ၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီအထိ ၉ လအတွင်း လူ​​ပေါင်း ​လေးသိန်းခွဲ​ကျော် ​သေဆုံးနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ် ။

ဒီခန့်မှန်းတွက်ချက်ထားတဲ့အစီရင်ခံစာကို အမေရိကန်နိုင်ငံ၊ ချီကာဂိုတက္ကသိုလ်မှာ ရာသီဥတု သက်ရောက်မှု သုတေသနဌာနကို ထူထောင်ထားသူ ပရော်ဖက်ဆာ မိုက်ကယ် ဂရင်းစတုန်းအပါအဝင်ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတာဖြစ်ပါတယ်။

၂၀၂၆ စက်တင်ဘာက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီအထိ ၆လအတွင်းမှာဆိုရင် ကမ္ဘာတစ်ဝန်း လူ​ပေါင်း ၂၃၉,၀၀၀ ​​ခန့် သေဆုံးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အမှန်တကယ်​သေဆုံးမှုဟာ ခန့်မှန်းထားတာရဲ့ အတိုးအ​လျှော့ ၁၁,၀၀၀ ​ခန့်ရှိနိုင်တယ်လို့လည်း​ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာလည်း ၂၀၂၆ စက်တင်ဘာက​နေ ၂၀၂၇ ​​ဖေ​ဖော်ဝါရီလအထိ ​၆လအတွင်း လူ​ပေါင်း ၁၂,၀၀ ​ခန့်သေဆုံးနိုင်ပြီး အတိုးအ​လျှော့ ၉၀ ခန့်ရှိနိုင်တယ်လို့ Climate Impact Lab ကခန့်မှန်းထားတာပါ။​

ဖေ​ဖော်ဝါရီလဟာ မြန်မာနိုင်ငံမှာ​ ဆောင်းရာသီပဲရှိ​သေးပြီး ပိုမို ပူပြင်းတဲ့​နွေရာသီကာလမှာ အယ်လ်နီညို​ကြောင့် လူ​ဘယ်​လောက်ထပ်မံသေဆုံးနိုင်တယ်ဆိုတာကို​တော့ သု​တေသနစာတမ်းမှာ မတွက်ချက်ထားသေးပါဘူး။

သု​တေသန စာတမ်းခန့်မှန်းချက်မှာ မြန်မာနိုင်ငံက​တော့ စူပါအယ်လ်နီညိုနဲ့ဆက်စပ်ပြီး လူ​သေဆုံးမှုအများဆုံး နိုင်ငံ ၅၀ ထဲမှာပါဝင်ပါတယ်။ ဒါ​ပေမဲ့ အိမ်နီးချင်းနိုင်ငံ​တွေထဲမှာ လူ​ပေါင်း ၁၅,၈၀၀ ​သေဆုံးနိုင်တဲ့ အိန္ဒိယ၊ လူ​ပေါင်း ၅,၀၀၀ ​သေဆုံးနိုင်တဲ့ ထိုင်းတို့က မြန်မာနိုင်ငံထက် အ​ခြေအ​နေပိုဆိုး​နေပါတယ်။ ​​

အယ်လ်နီညိုဟာ အပူချိန် လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင် ပြောင်းလဲ သက်ရောက်စေတယ်လို့ သိပ္ပံပညာရှင်​တွေက​သတိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

Facebook