အောက်တိုဘာ – ၁၂ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မြ၀တီမှာအခုအောက်တိုဘာလဆန်းပိုင်းအတွင်းစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ အိမ်စီးကားတွေနဲ့ ညပိုင်းလှည့်လည်ပြီးအရပ်သားအမျိုးသားတွေကိုဖမ်းဆီးတာလို့သိရပါတယ်။
မြဝတီမြို့ရပ်ကွက်ထဲကအဆောင်တွေမှာဌားရမ်းနေထိုင်တဲ့ နယ်ဝေးကနေအလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေကို ဖမ်းဆီးတဲ့ဖြစ်စဉ်တွေလည်းရှိလာတယ်လို့မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မြ၀တီမြို့ခံအမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းခေါ်သွားကာငွေကျပ်ရာဂဏန်းအထိ တောင်းခဲ့ပြီးငွေရမှပြန်လွှတ်ပေးလိုက်တာလို့သိရပါတယ်။
အလားတူဖမ်းခံရသူတွေထဲ ငွေမပေးနိုင်သူတွေကတော့ စစ်တပ်ရဲ့ စစ်မှုထမ်းထဲ ပို့ခံရတာပါ။
မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်ရုံးအနောက်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံထားရတဲ့လူငယ်၊လူလတ်ပိုင်းတွေကိုချုပ်နှောင်ထားတယ်လို့ ဖြစ်စဉ်ကိုသိရှိသူတစ်ဦးကလည်း အသိပေးပါတယ်။



















































