Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်း​တော်​ဒေသခံကာကွယ်​ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာရ

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်ပြီး ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ကာ အင်းတော်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု ထီးချိုင့် PDFက ထုတ်ပြန်ခဲ့သည်။

(ဓါတ်ပုံ- အင်း​တော် ​ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ ဝင်များ)

ကသာခရိုင်အတွင်း အင်အားဖြည့်တင်းလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ထီးချိုင့်နှင့်အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်များကရှေ့ဆင့်နောက်ဆင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က၁၀ ဦးထက်မနည်း ​သေဆုံးထိခိုက်ပြီး အထိနာခဲ့​ကြောင်း​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များထံမှသိရသည်။

(ဓါတ်ပုံ- အင်း​တော် ​ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ ဝင်များ)

ယနေ့နံနက် တစ်နာရီခန့်က ကားအစီးရေ ၃၀ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့် မြို့ ဝင်ဂိတ်အနီးတွင် တစ်ကြိမ်၊ အင်းတိန် နှင့် ဇီးဖြူကျင်းရွာအနီးတွင်တစ်ကြိမ် ထီးချိုင့်PDF က စတင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲသံကို မြို့နေရာအနှံ့မှ ကျယ်လောင်စွာ ကြားခဲ့ရသည်ဟု ထီးချိုင့်ဒေသခံများကပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်ပြီး ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ကာ အင်းတော်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု ထီးချိုင့် PDFက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် နံနက် နှစ်နာရီ ၁၅မိနစ်ခန့်တွင် အင်းတော်မြို့နယ်အတွင်းဝင်ရောက်လာရာ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(အင်း​တော်ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်သည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကဆယ်ဦးထက်မနည်း ထိခိုက်ခဲ့သည်ဟု အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)မှ သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ​အောက်တိုဘာလမှစ၍ အင်အားအလွန်အကျွံသုံးပြီးတိုက်ခိုက်နေသော်လည်း ​ဒေသခံPDFများက​ပျောက်ကျားနည်းဖြင့် ခုခံတိုက်ခိုက်​နေရာ ​ ​​ဒေသအများစုတွင်စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရရှိမှုများပြားနေသည်။ ထို​ကြောင့် တူးမီးအများစုကိုင်​ဆောင် ခုခံ​နေ​သော ​ဒေသခံ PDFများကို အကြမ်းဖက်စစ်​တပ်က ရဟတ်ယာဥ်အသုံးပြု၍တိုက်ခိုက်မှု ပိုများလာသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။