Connect with us

Hi, what are you looking for?

News

ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲ သယ်ဆောင်လာမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုမပေးဘဲ လက်မခံသည်မှာ ပိုမိုထင်ရှားလာပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြသည်။

ပြည်သူလူထု၏ အားပေးမှု၊ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှုများက လက်ရှိတော်လှန်ရေးအောင်ပွဲကို သယ်ဆောင်လာမည်ဖြစ်ပြီး ၂၀၂၂ တွင် ပြည်သူလူထုပေးဆပ်ခဲ့ရသည်များနှင့်ထိုက်တန်သည့် အောင်မြင်မှုကို သယ်ဆောင်လာမည်ဟုယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သော ‘The Power of Revolution’ (တော်လှန်ရေး၏စွမ်းအား) စကား ဝိုင်းတွင် ဝန်ကြီးဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ၂၀၂၁ အတွင်း မြန်မာပြည်သူများသည် ကြံ့ကြံ့ခံနိုင်စွမ်းဖြစ်မှု၊ စိတ်ပိုင်းဖြတ်နိုင်စွမ်းဖြစ်မှုတို့ကို ပြသခဲ့သည်ဟုလည်း ပြောသည်။

“၂၀၂၂ ဟာ ဒီတော်လှန်ရေးမှာ ပေးဆပ်ရတာတွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုကို သယ်ဆောင်လာမယ့် တော်လှန်ရေးဖြစ်တယ်။ အဲဒီတော်လှန်ရေးမှာ ကျွန်မတို့ ပြည်သူလူထုနဲ့ အတူတကွ၊ အောင်ပွဲဆင်ကြလိမ့်မယ်။ ၂၀၂၂ ကို အောင်ပွဲကို သယ်ဆောင်နိုင်မယ့်၊ ပြည်သူလူထု ပေးဆပ်ရ ကျိုးနပ်တဲ့ ပေးထားသမျှ ပြန်ရအောင်ယူနိုင်မယ့်နှစ်တစ်နှစ်ဖြစ်အောင်လို့ ကျွန်မတို့ ဝိုင်းဝန်းပြီး အတူတကွ ကြိုးစားကြပါမယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုမပေးဘဲ လက်မခံသည်မှာ ပိုမိုထင်ရှားလာပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝန်း၊ အစိုးရများနှင့် NUG တို့ တွေ့ဆုံဆွေးနွေးမှုများသည် ရာနှင့်ချီရှိခဲ့ သော်လည်း သံတမန်ရေးအခြေအနေအရ အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်မှုက ဆယ်ဂဏန်းခန့်သာရှိသည်ဟု ၎င်းက ဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေးခရီး လက်ရှိအခြေအနေရောက်ရှိလာခြင်းသည် ပြည်သူတစ်ဦးတစ် ယောက်ချင်းစီတိုင်း၏ပါဝင်မှုကြောင့်ဖြစ်ပြီး ထိုသို့ရုန်းကန်မှုကို နိုင်ငံတကာက လေးစားလာ စေရန်၊ ကူညီလာစေရန် ကြိုးစားဖန်တီးနေကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။