Connect with us

Hi, what are you looking for?

News

ဖရူဆို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့​သောစစ်​သားများ နှုတ်ပိတ်မခံရမီ ထွက်​​ပြေးရန် NUGဝန်ကြီးတိုက်တွန်း

မိုဆိုရွာတွင် အရပ်သားများအား အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဒေသကွတ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ(၅၃၁)နှင့် တပ်မ(၆၆)လက်အောက်ခံတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကပြည်သူများကို ကား​ပေါ်တင် မီးရှို့သတ်ဖြတ်ခဲ့သည်)

ဖရူဆို အစုလိုက်အပြုံလိုက်လူသတ်မှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သားများ နှုတ်ပိတ်ခံရမည်ကိုစိုးရိမ်ရပြီးနှုတ်ပိတ်မခံရခင် လွတ်ရာသို့ထွက်ပြေးရန် NUGအစိုးရ၏ ပြည်​ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့(ဇန်နဝါရီ ၁၀)တွင် သူ၏​ဖေစ့်ဘွခ်တွင်​ရေးသားတိုက်တွန်းထားခြင်းဖြစ်သည်။ အိုင်စီ​ဂျေတွင် ဥ​ရောပတရားရုံးအထိ့သွား​ရောက်၍ သက်​သေထွက်ခဲ့သည်မှာလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ခဲ့​သော လူသတ်မှုတွင်ပါဝင်ခဲ့​သော တပ်မ​တော်သားများပင်ဖြစ်​ကြောင်းလည်း ၎င်းက​ရေးသားထားသည်။

“ဖရူဆို နဲ့ စစ်ကိုင်းတိုင်းဖက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့သွားတဲ့ ကိစ္စဟာ စစ်ခေါင်းဆောင်တွေအတွက် ရာဇဝတ်မှု အကြီးစား ဖြစ်ပါတယ်။ လွတ်လမ်းမရှိပါဘူး။ သူတို့ထဲကပဲ သက်သေထွက်ဆိုမဲ့ လူတွေ ထွက်လာမယ် ဆိုတာလဲ သိနေမှာအမှန်ဖြစ်တယ်။ ဒီတော့
သူတို့နဲ့ နီးစပ်တဲ့ မိသားစုတွေ အနေနဲ့ နှုတ်ပိတ်မခံရခင် မြန်မြန်လစ်ဖို့ အကြံပေး ပါရစေ” ဟု ဒေါက်တာတူးခေါင် ကရေးသားတိုက်တွန်းထားသည်။

ယခုအချိန် ထွက်​ပြေး၍ ပြည်သူနှင့်ပူး​ပေါင်းလျှင် လက်နက်ပါလျှင် သိန်း ၅၀ ပင်ရရှိဦးမည်ဖြစ်​ကြောင်းဆက်လက်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ရက်က ကယားပြည်ဖရူဆိုမြို့၊ မိုဆိုရွာအနီးတွင် အရပ်သား ၄၇ ဦးထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သောကြောင့် ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် လူသတ်မှုကို အရေးယူနိင်ရေးအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့ တင်ပြမည်ဟု NUGက သတင်းထုတ်ပြန်ထားသည်။

မိုဆိုရွာတွင် အရပ်သားများအား အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဒေသကွတ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ(၅၃၁)နှင့် တပ်မ(၆၆)လက်အောက်ခံတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။