Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသူတွေကို မုဒိမ်းကျင့်ခဲ့တဲ့ အင်ဒိုနီးရှား ဘာသာရေးကျောင်းဆရာ ထောင်ဒဏ်တစ်သက် ကျခံရ

ဝီရာဝမ်ဟာ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ် မိန်းကလေးငယ် ၁၃ ဦးကို လိင်အမြတ်ထုတ် မုဒိမ်းကျင့်ခဲ့ပြီး ကလေးမလေး ၈ ဦးက ကိုယ်ဝန် ရသွားခဲ့ပါတယ်။ သူ့ရဲ့သားကောင် ဖြစ်သွားရှာသူ တချို့ဟာ ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေပါ ခံစားခဲ့ရပါတယ်။

ကျောင်းသူ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်ခဲ့တဲ့ ဘာသာရေး ကျောင်းဆရာ တစ်ဦးကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ အင်ဒိုနီးရှား ဘာသာရေး ကျောင်းတွေမှာ ကလေးတွေအတွက် အကာအကွယ်တွေ ပိုမို လိုအပ်နေကြောင်း ထောက်ပြမှုတွေကို မြင့်တက်လာစေပါတယ်။ တရားသူကြီး ယိုဟာနက်စ် ပူရာနိုမို ဆာရိုအဒီက ဘာသာရေး ကျောင်းဆရာ ဟယ်ရီ ဝီရာဝမ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဘယ်လိုမှ လျှော့ပေါ့ ခွင့်လွှတ် စဉ်းစားပေးလို့ မရကြောင်း ပြောပါတယ်။

ဝီရာဝမ်ဟာ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ် မိန်းကလေးငယ် ၁၃ ဦးကို လိင်အမြတ်ထုတ် မုဒိမ်းကျင့်ခဲ့ပြီး ကလေးမလေး ၈ ဦးက ကိုယ်ဝန် ရသွားခဲ့ပါတယ်။ သူ့ရဲ့သားကောင် ဖြစ်သွားရှာသူ တချို့ဟာ ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေပါ ခံစားခဲ့ရပါတယ်။

ဝီရာဝမ်ဟာ အနောက်ဂျာဗားမှာ ရှိနေတဲ့ ဘန်ဒွန်မြို့က ကျောင်းတစ်ကျောင်းမှာ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။ တရားခံက ပြစ်မှုထင်ရှားတယ်ဆိုတာ ဘယ်လိုမှ ဖုံးကွယ်လို့ မရကြောင်း၊ သူဟာ ဒီလို စက်ဆုပ်စရာ အလုပ်မျိုးကို စိတ်ပါလက်ပါ ကျူးလွန်ခဲ့တာ ထင်ရှားတဲ့အတွက် တရားရုံးကလည်း သက်ညှာနေမှာ မဟုတ်ကြောင်း တရားသူကြီး ဆာရိုအဒီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား ကလေးသူငယ် စောင့်ရှောက်ရေး ဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ တော်တော်များများက ဝီရာဝမ်ကို သေဒဏ်စီရင်ဖို့ တောင်းဆိုခဲ့ကြပြီး လူ့အခွင့်အရေး အဖွဲ့တွေကတော့ သေဒဏ်ဟာ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ကြောင်း ကန့်ကွက်ကြပါတယ်။

၂၀၁၆ တုန်းက အင်ဒိုနီးရှား တရားရုံး တစ်ခုဟာ ကလေးမလေး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ကို သေဒဏ် ချမှတ်ခဲ့ပြီး ဂိုဏ်းသားတွေကိုလည်း ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ စီရင် ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။