Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသူတွေကို မုဒိမ်းကျင့်ခဲ့တဲ့ အင်ဒိုနီးရှား ဘာသာရေးကျောင်းဆရာ ထောင်ဒဏ်တစ်သက် ကျခံရ

ဝီရာဝမ်ဟာ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ် မိန်းကလေးငယ် ၁၃ ဦးကို လိင်အမြတ်ထုတ် မုဒိမ်းကျင့်ခဲ့ပြီး ကလေးမလေး ၈ ဦးက ကိုယ်ဝန် ရသွားခဲ့ပါတယ်။ သူ့ရဲ့သားကောင် ဖြစ်သွားရှာသူ တချို့ဟာ ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေပါ ခံစားခဲ့ရပါတယ်။

ကျောင်းသူ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်ခဲ့တဲ့ ဘာသာရေး ကျောင်းဆရာ တစ်ဦးကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ အင်ဒိုနီးရှား ဘာသာရေး ကျောင်းတွေမှာ ကလေးတွေအတွက် အကာအကွယ်တွေ ပိုမို လိုအပ်နေကြောင်း ထောက်ပြမှုတွေကို မြင့်တက်လာစေပါတယ်။ တရားသူကြီး ယိုဟာနက်စ် ပူရာနိုမို ဆာရိုအဒီက ဘာသာရေး ကျောင်းဆရာ ဟယ်ရီ ဝီရာဝမ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဘယ်လိုမှ လျှော့ပေါ့ ခွင့်လွှတ် စဉ်းစားပေးလို့ မရကြောင်း ပြောပါတယ်။

ဝီရာဝမ်ဟာ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ် မိန်းကလေးငယ် ၁၃ ဦးကို လိင်အမြတ်ထုတ် မုဒိမ်းကျင့်ခဲ့ပြီး ကလေးမလေး ၈ ဦးက ကိုယ်ဝန် ရသွားခဲ့ပါတယ်။ သူ့ရဲ့သားကောင် ဖြစ်သွားရှာသူ တချို့ဟာ ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေပါ ခံစားခဲ့ရပါတယ်။

ဝီရာဝမ်ဟာ အနောက်ဂျာဗားမှာ ရှိနေတဲ့ ဘန်ဒွန်မြို့က ကျောင်းတစ်ကျောင်းမှာ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။ တရားခံက ပြစ်မှုထင်ရှားတယ်ဆိုတာ ဘယ်လိုမှ ဖုံးကွယ်လို့ မရကြောင်း၊ သူဟာ ဒီလို စက်ဆုပ်စရာ အလုပ်မျိုးကို စိတ်ပါလက်ပါ ကျူးလွန်ခဲ့တာ ထင်ရှားတဲ့အတွက် တရားရုံးကလည်း သက်ညှာနေမှာ မဟုတ်ကြောင်း တရားသူကြီး ဆာရိုအဒီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား ကလေးသူငယ် စောင့်ရှောက်ရေး ဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ တော်တော်များများက ဝီရာဝမ်ကို သေဒဏ်စီရင်ဖို့ တောင်းဆိုခဲ့ကြပြီး လူ့အခွင့်အရေး အဖွဲ့တွေကတော့ သေဒဏ်ဟာ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ကြောင်း ကန့်ကွက်ကြပါတယ်။

၂၀၁၆ တုန်းက အင်ဒိုနီးရှား တရားရုံး တစ်ခုဟာ ကလေးမလေး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ကို သေဒဏ် ချမှတ်ခဲ့ပြီး ဂိုဏ်းသားတွေကိုလည်း ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ စီရင် ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဖမ်းဆီး အကျဉ်းချ ခံထားရပြီး အငြင်းပွားစရာ အခြေအနေတွေ ရှိနေတဲ့ အင်ဒိုနီးရှား ဖက်ရှင်ဒီဇိုင်နာတစ်ဦး လွတ်မြောက်ရေးအတွက် စစ်ရေးအရ စွက်ဖက်တာတွေ လုပ်မှာ မဟုတ်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ရာက အနည်းဆုံး ၄ ဦးသေဆုံးပြီး ၄၀ နီးပါး ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

စာမေးပွဲခန်းထဲ မဝင်ခင် ကျောင်းသူတွေရဲ့ အတွင်းခံ (ဘရာစီယာ)တွေ သေသေချာချာ ဝတ်လာရဲ့လား ဆိုတာကို စစ်ဆေးစေတဲ့ နိုက်ဂျီးရီးယား တက္ကသိုလ် တစ်ခုဟာ လူထုရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။

နိုင်ငံတကာ

ဘာလီကျွန်း ဗုံးခွဲမှု တရားခံဟောင်း အမျိုးသားဟာ အင်ဒိုနီးရှား နိုင်ငံမှာ ကိုယ်ပိုင် ကော်ဖီ လုပ်ငန်းတစ်ခု စတင် လည်ပတ်နေကြောင်း သိရပါတယ်။