Connect with us

Hi, what are you looking for?

News

ဒေါငံခါးရွာကို ယာယီစွန့်လွှတ်လိုက်ရဟု KNDF အသိ​ပေး

“ကျွန်​တော်တို့ ကရင်နီပြည်ကိုလည်း ကြည့်ပါအုန်း60MM ၊120MM ၊ တင့်ကား၊ဟက်စကီး တိုက်လေယာဥ် တွေနဲ့ ပစ်တာပါအားမရတော့ဘဲ တာဝေးပစ် အတွဲလိုက်ဒုံးတွေနဲ့ပါ ပစ်နေပါတယ် “ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

(စစ်ကောင်စီတပ်များမှ အဆက်မပြတ် ပစ်ခတ်သော လက်နက်ကြီးများ ဒေါငံခါးတွင် ကျ​ရောက်​ပေါက်ကွဲ​နေစဉ်၊ ဓာတ်ပုံ - George)

▪️ငွေ​ကြေးနှင့်သတင်းအချက်အလက်ထောက်ပံ့ပေးမှုအရေးပေါ် လိုအပ်နေကြောင်းလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များ မေတ္တာရပ်ခံ

စစ်ရေးအရအရေးပါသည့် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာကို ယာယီစွန့်လွှတ်လိုက်ရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၁)က ယ​နေ့နံနက်တွင် အသိ​ပေးထုတ်ပြန်သည်။

“နန်းမယ်ခုံမြို့ကို ယာယီဆုံးရှုံးရပြီး‌နောက်မတ်လ(၁၃) ရက်နေ့မှာ ကျွန်တော်တို့ ဒေါငံခါးကို ထပ်မံဆုံးရှုံးလိုက်ရပါတယ်။ စစ်ကောင်စီဘက်မှ အကြိမ်‌ပေါင်းမြောက်များစွာ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သောကြောင့် နောက်ထပ်သော စစ်ရေးအရ အရေးပါလှသော ဒေါငံခါးကို ကျွန်တော်တို့ ယာယီလက်လွတ်‌ပေးခဲ့ရပါတယ်”ဟု KNDF တပ်ရင်း (၁)က ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်း ရဲဘော်အချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်​တော်တို့ ကရင်နီပြည်ကိုလည်း ကြည့်ပါအုန်း60MM ၊120MM ၊ တင့်ကား၊ဟက်စကီး တိုက်လေယာဥ် တွေနဲ့ ပစ်တာပါအားမရတော့ဘဲ တာဝေးပစ် အတွဲလိုက်ဒုံးတွေနဲ့ပါ ပစ်နေပါတယ် “ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

ဒီးမော့ဆိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုမှာ တစ်လနီးပါးပြည့်တော့မည်ဖြစ်သည်။

ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များ၏ ခုခံစစ်ကောင်းမွန်နေ၍ ခြေလျင်စစ်ကောင်စီတပ်များ အထိနာနေသဖြင့် နေ့စဥ် လေယာဥ်အသုံးပြုတိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့်အချက်​ရေရာနှင့်ချီပစ်ခတ်နေသည်။

ထိုကြောင့် ရေရှည်စစ်ပွဲတွင်မူ လက်နက်၊ကျည် အား နည်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၏ ခုခံစစ်အတွက် ပြည်သူများ၏ ငွေ​ကြေးနှင့်သတင်းအချက် အလက်ထောက်ပံ့ပေးမှုမှာ အရေးပေါ်လိုအပ်နေကြောင်းလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။