Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းက မြို့တော်ဝန် တစ်ဦးကို ရုရှားစစ်တပ် ပြန်ပေးဆွဲ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကျူးကျော်သူ ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ အကြမ်းဖက် လုပ်ဆောင်မှုတွေကို နောက်တစ်ဆင့် မြှင့်တင်လာတယ်ဆိုတာ အခုလုပ်ရပ်က သက်သေပဲလို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းက မြို့တော်ဝန် တစ်ဦးကို ရုရှား စစ်တပ်တွေက အကြမ်းပတမ်း ပြန်ပေးဆွဲ ဖမ်းဆီးသွားတဲ့အပေါ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပါတယ်။

ယူကရိန်း အာဏာပိုင်တွေက မယ်လီတိုပိုလ် မြို့တော်ဝန် အိုင်ဗန် ဖီဒိုရော့ဗ်ကို ရုရှားစစ်သားတွေက မတ်လ ၁၁ ရက်မှာ ပြန်ပေးဆွဲသွားကြောင်း ကြေညာပါတယ်။ ပြီးတော့ မျက်နှာကို အဝတ်စည်းထားတဲ့ မြို့တော်ဝန်ကို ရုရှား စစ်သားတွေက တွန်းထိုး ဆွဲခေါ်သွားတဲ့ မှတ်တမ်း ဗီဒီယိုကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကျူးကျော်သူ ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ အကြမ်းဖက် လုပ်ဆောင်မှုတွေကို နောက်တစ်ဆင့် မြှင့်တင်လာတယ်ဆိုတာ အခုလုပ်ရပ်က သက်သေပဲလို့ ပြောကြားခဲ့ပါတယ်။

မယ်လီတိုပိုလ်ဟာ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက မြို့လေးတစ်ခုဖြစ်ပြီး အခုအခါမှာ ရုရှားတပ်တွေ ထိန်းချုပ်တာ ခံထားရပါတယ်။ မြို့တော်ဝန်ကို ပြန်ပေးဆွဲသွားတယ်ဆိုတဲ့ သတင်းကို ကြားသိတဲ့နောက် မယ်လီတိုပိုလ်မှာရော၊ တခြား ရုရှားထိန်းချုပ် နယ်မြေ တချို့မှာပါ ယူကရိန်း ပြည်သူတွေက စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဇီလန်စကီးက မြို့တော်ဝန် ဖီဒိုရော့ဗ်ဟာ သူ့ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းကိုရော၊ ယူကရိန်း နိုင်ငံကိုပါ ရဲရဲရင့်ရင့် ကာကွယ်ပေးနေသူ တစ်ဦးလို့ ညွှန်းဆိုခဲ့ပါတယ်။ အစောပိုင်းမှာ ကတည်းက ဖီဒိုရော့ဗ်ဟာ သူ့မြို့ကို ရုရှားတွေ သိမ်းယူထားပေမယ့် ရုရှားစစ်တပ်နဲ့ ပူးပေါင်းမှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

မယ်လီတိုပိုလ်မှာ ရုရှားတပ်တွေ ရောက်လာကတည်းက နေ့စဉ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး မြို့တော်ဝန် ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ် အပြီးမှာတော့ စုဝေး ဆန္ဒပြသူတွေ ပိုမိုများပြားလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook