Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင် အသုံးပြုခဲ့တယ်လို့ ရုရှား အတည်ပြု

ဒီဒုံးကျည်တွေဟာ ကမ္ဘာ့လေထု အပြင်ဖက်ကနေ အသံထက် ၅ ဆလောက် ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့ အမြင့်အရရော၊ မြန်နှုန်းအရပါ ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင် အသုံးပြုခဲ့တယ်လို့ ရုရှား စစ်တပ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း အနောက်ပိုင်းမှာ ရှိနေတဲ့ မြေအောက် လက်နက်တိုက် တစ်ခုကို ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ လက်နက်တိုက်မှာ ယူကရိန်း တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ လက်နက်တွေနဲ့ ဒုံးကျည်တွေ သိုလှောင်ထားတာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်က ဆိုပါတယ်။

ရုရှားဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေကို စစ်မြေပြင်မှာ သုံးစွဲခဲ့တယ်လို့ ပထမဆုံးအကြိမ် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ရုရှားအပြင် အမေရိကန်၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့လို လက်နက် အင်အားကြီး နိုင်ငံတွေက အပြိုင်အဆိုင် ကြိုးစား တီထွင်နေတဲ့ နောက်ဆုံးပေါ် လက်နက် နည်းပညာ ဖြစ်ပါတယ်။

ဒီဒုံးကျည်တွေဟာ ကမ္ဘာ့လေထု အပြင်ဖက်ကနေ အသံထက် ၅ ဆလောက် ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့ အမြင့်အရရော၊ မြန်နှုန်းအရပါ ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ တီထွင်ထားတဲ့ Kinzhal ဒုံးကျည် စနစ်ဟာ ကီလိုမီတာ ၂၀၀၀ လောက် အကွာအဝေးက ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်ပြီး ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်လေကြောင်း ကာကွယ်ရေး စနစ်ကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ရုရှား အစိုးရက ကြွေးကြော်ထားဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။