Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် စစ်ရေးဗဟို ဌာနချုပ် အကြီးအကဲ တာဝန်က အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီး မက်ကင်ဇီ

ဧပြီ ၁ ရက်က ဖလော်ရီဒါမှာ သူ့အတွက် နှုတ်ဆက်ပွဲ ကျင်းပခဲ့ပြီး မက်ကင်ဇီက ကြည်းတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ်ခ် ကူရီလာဆီ ရာထူး လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ မက်ကင်ဇီ ကိုယ်တိုင်ကတော့ မရိန်းတပ်ဖွဲ့ကနေ အမေရိကန် တပ်ပေါင်းစု အကြီးအကဲ ဖြစ်လာတာပါ။

အမေရိကန် စစ်ရေးဗဟို ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကန်းနက်သ် ဖရန့်ခ် မက်ကင်ဇီဟာ ရာထူးကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်က ဖလော်ရီဒါမှာ သူ့အတွက် နှုတ်ဆက်ပွဲ ကျင်းပခဲ့ပြီး မက်ကင်ဇီက ကြည်းတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ်ခ် ကူရီလာဆီ ရာထူး လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ မက်ကင်ဇီ ကိုယ်တိုင်ကတော့ မရိန်းတပ်ဖွဲ့ကနေ အမေရိကန် တပ်ပေါင်းစု အကြီးအကဲ ဖြစ်လာတာပါ။

သူဟာ အမေရိကန်ရဲ့ စစ်ရေးဗဟို ဌာနချုပ် (Centcom)ရဲ့ အကြီးအကဲ ရာထူးကို ၂၀၁၉ ခုနှစ်၊ မတ်လ ကတည်းက ရယူခဲ့တာ ဖြစ်ပါတယ်။ Centcomရဲ့ အကြီးအကဲဟာ အမေရိကန်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်၊ အာကာသတပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ် အားလုံးကို ဦးစီးရပြီး ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ သမ္မတပြီးရင် စစ်ဘက်မှာ ဩဇာအကြီးဆုံး၊ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်ပါတယ်။

၄၂ နှစ်တာ ကြာမြင့်ခဲ့တဲ့ သူ့ရဲ့ စစ်မှုထမ်း ကာလတလျှောက်မှာ Centcomကို ကြီးကြပ်ခဲ့ရတာကတော့ ဂုဏ်အယူရဆုံး ကိစ္စ ဖြစ်တယ်လို့ မက်ကင်ဇီက နှုတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ သူဟာ Centcomကို စတင် ရောက်ရှိချိန်ကစလို့ ၂၁ နှစ်တာ အမှုထမ်းခဲ့ကြောင်း၊ အဲဒီ ကာလတလျှောက် Centcomရဲ့ အဓိက တာဝန်က အမေရိကန်ရဲ့ ရန်သူတော်တွေကို ချေမှုန်းဖို့ ဖြစ်ခဲ့ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့ အကြီးအကဲတိုင်း ဒီရည်မှန်းချက်အတွက် အလုပ်လုပ်ချင်ကြကြောင်း မက်ကင်ဇီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အရှေ့အလယ်ပိုင်းနဲ့ ဗဟိုအာရှ ဒေသတွေမှာ အမေရိကန်ရဲ့ အရေးပါတဲ့ စစ်ဆင်ရေး ကဏ္ဍတွေကို တာဝန်ယူ ကြီးမှူးခဲ့ပါတယ်။ အာဖဂန် နစ္စတန်ကနေ အမေရိကန်တပ်တွေ ဝရုန်းသုန်းကား ဆုတ်ခွာရတဲ့ ကိစ္စမျိုးတွေဟာ မက်ကင်ဇီ တာဝန်ယူတဲ့ ကာလမှာ စိန်ခေါ်မှု အကြီးမားဆုံး အရှုပ်အထွေးတွေလည်း ဖြစ်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ စတင် ထူထောင်ချိန် ကတည်းက ကူရီလာ လက်ထက်ထိ Centcomရဲ့ အကြီးအကဲ ရာထူးမှာ တာဝန် ထမ်းဆောင်ဖူးသူ ၁၅ ဦးထိ ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာ ၁၄ ဦးက ကြည်းတပ်နဲ့ မရိန်းတပ်က ဗိုလ်ချုပ်ကြီးတွေသာ ဖြစ်ခဲ့ကြပြီး ၂၀၀၇ ခုနှစ်မှာ Centcom အကြီးအကဲ ဖြစ်လာတဲ့ ဝီလျံ ဖယ်လွန် တစ်ဦးတည်းသာ ရေတပ် သေနာပတိ ရာထူးကနေ Centcomကို ဦးဆောင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။