Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့ ရဲစခန်းနှင့် ကင်းစခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးဟုဆို

ဧပြီ၁၂ ရက် ညကလည်း ဒီပဲယင်းရဲစခန်းအတွင်းသို့ ဒေသတွင်းအခြေစိုက် ညီနောင်ဖိုက်တာ နှင့်White Bird အဖွဲ့ နှစ်ဖွဲ့မှ မိုင်းခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းထဲသို့ နှစ်လုံးကျ၍ စစ်သားနှစ်ဦးသေဆုံး ခဲ့သေးသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ရဲစခန်းနှင့် ကင်းစခန်းများကို လက်နက်ကြီးများဖြင့် ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးနိုင်ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)က အသိပေးထုတ်ပြန်သည်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)၊ တပ်ရင်း(၂)၊ ကျားလေးပြောက်ကျား စစ်သည်တော်များနှင့် ဒေသခံကာကွယ်ရေးမဟာမိတ် အဖွဲ့တို့ပူးပေါင်း၍ ရှော့တိုက်ဒုံးများ ၊ လက်လုပ်လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ အချိန်ကိုက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် အများအပြားသေဆုံးကြောင်း DRPAက အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်​၍ DRPA သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြား ခြင်းမရှိသေးပါ။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးသည်ဟု ဆိုထားပြီးအရေအတွက် အတိအကျမသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧပြီ၁၂ ရက် ညကလည်း ဒီပဲယင်းရဲစခန်းအတွင်းသို့ ဒေသတွင်းအခြေစိုက် ညီနောင်ဖိုက်တာ နှင့်White Bird အဖွဲ့ နှစ်ဖွဲ့မှ မိုင်းခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းထဲသို့ နှစ်လုံးကျ၍ စစ်သားနှစ်ဦးသေဆုံး ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့