Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီအရာရှိများ ​ပျော်ပါး​လေ့ရှိသည့် ​မြောက်ဒဂုံက K2 KTV ဗုံးပစ်ခံရ

“အဲဒီ့နေရာက ဂျောင်ထဲမှာဆိုတော့ မြောက်ဒဂုံထဲက ရဲတွေအပြင် မြို့ထဲတို့ဘာတို့က အကောင်တွေပါလာတယ်။သူတို့သားသမီးတွေလာတယ်။မူးယစ်ဆေးဝါးနဲ့နာမည်ထွက်နေတာတော်တော်ကြာပြီ”ဟု အထက် ပါတာဝန်ရှိသူက People’s Springသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ အရာရှိများသွားရောက်ပျော်ပါးလေ့ရှိသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၁)ရပ်ကွက် မင်းရဲ​ကျော်စွာလမ်းရှိ K2 KTV ကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF )မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲဒီ့နေရာက ဂျောင်ထဲမှာဆိုတော့ မြောက်ဒဂုံထဲက ရဲတွေအပြင် မြို့ထဲတို့ဘာတို့က အကောင်တွေပါလာတယ်။သူတို့သားသမီးတွေလာတယ်။မူးယစ်ဆေးဝါးနဲ့နာမည်ထွက်နေတာတော်တော်ကြာပြီ”ဟု အထက် ပါတာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

ယင်းတိုက်ခိုက်မှုကို ဧပြီ ၁၇ ရက် နံနက် ၅ နာရီခန့်တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုနှင့်ပတ်သက်၍ မသိရသေးကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများသွားရောက်သည့်နေရာများသို့သွားသွားရောက်ခြင်းမပြုရန်JBFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

JBF အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ကိုထောက်ပံ့နေသည့် ထောက်တိုင်များကို အဓိကတိုက်ခိုက်သည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့ကို ​ထောက်ပံ့​ပေး​နေ​သော ရန်ကုန်မြို့ရှိနာမည်ကြီး Barများကိုလည်း တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက် ၊ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာဒီနေ့ မွန်းလွဲပိုင်းကအမျိုးသားသုံးဦးဝင်ရောက်ပြီးဓားနဲ့ခုတ်တာကြောင့်ဆိုင်ရှင်အမျိုးသား​သေဆုံးသွားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

Facebook