Connect with us

Hi, what are you looking for?

LuduNwayOo

News

BPLA တပ် တစ်နှစ်ပြည့်သို့ ​မြောက်ပိုင်းညီ​နောင်သုံးဖွဲ့နှင့် KNDF သဝဏ်လွှာ​ပေးပို့

မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပြီး ဗမာလူမျိုးအပါအဝင် နှစ်ပေါင်းများစွာဖိနှိပ်ခံနေရသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်း ဖြစ်ပါစေဟုလည်း ဂုဏ်ပြုသဝဏ် လွှာတွင် ဖော်ပြသည်။

BPLA တပ် တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ - BPLA

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယ​နေ့ကျင်းပပြုလုပ်ခဲ့ပြီး AA၊TNLA နှင့်MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် KNDF တို့က ယနေ့(ဧပြီ ၁၇ ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့သည်။

၂၀၂၁ ဧပြီ ၁၇ ရက်ကစတင်ဖွဲ့စည်းခဲ့သော BPLA သည်လက်ရှိအချိန်တွင် ဗမာပြည်သူလူထုအချို့နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ယုံကြည်မှုကို ရရှိထားပြီး အချိန်တိုတိုအတွင်း စနစ်တကျ တိုက်ပွဲဝင်နိုင်သည့် အရည်အချင်း၊စစ်စည်းကမ်းကောင်း မွန် သော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရသောကြောင့် BPLA ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်တစ်ယောက်ချင်းစီ၏ ကြိုး ပမ်းအားထုတ်မှုကိုတန်ဖိုးထားအသိအမှတ်ပြုသည်ဟု ညီနောင် မဟာမိတ်သုံးဖွဲ့က ဆိုသည်။

BPLA တပ် တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ – BPLA

အလားတူ BPLA ၏ နိုင်ငံရေး၊စစ်ရေး၊ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး တက်နိုင်သရွေ့ ပံ့ပိုးဝန်းရံသွားမည်ဟုလည်း ထပ်မံ အသိပေးသည်။

မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပြီး ဗမာလူမျိုးအပါအဝင် နှစ်ပေါင်းများစွာဖိနှိပ်ခံနေရသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်း ဖြစ်ပါစေဟုလည်း ဂုဏ်ပြုသဝဏ် လွှာတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

BPLA သည် မြန်မာနိုင်ငံအဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေး၊လူမျိုးကြီးဝါဒချုပ်ငြိမ်းရေးနှင့် တရားမျှတရေး၊ကိုယ်ပိုင် ပြဌန်းခွင့်တို့အပြင် အမျိုးသားတန်းတူရေးကို အာမခံချက်ပေးသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာပြည်နယ် ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသော ခေတ်သစ်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်​စေးတပ်(KNDF)၏ ဂုဏ်ပြုသဝဏ်လွှာတွင် ပါရှိသည်။

ယခုလဆန်းပိုင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်၌ စစ်ကောင်စီတပ်များကို BPLAက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်အတူ ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ထားနိုင်ခဲ့သည်။

BPLA တပ် တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ – BPLA

၂၀၂၁ဖေဖော်ဝါရီ ၁ ရက်ကစ၍ အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတဝှမ်း တိုင်းရင်းသားလူမျိုးပေါင်းစုံအသီးသီးသည် နွေဦးတော်လှန်ရေးကို ဆင်နွှဲ​ပြီး ပုံစံမျိုးစုံဖြင့် ခုခံတော်လှန်ဆင်နွှဲနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

ဗီဒီယို

သင်တန်းကာလတလျှောက် အမှတ်ပေးစနစ်များဖြင့် စံပြဆု၊ ဇွဲဆု၊ လက်ဖြောင့်ဆု၊ ကျန်းမာရေးဆု၊ စစ်ရေးပြအကောင်းဆုံးဆုနဲ့ တပ်စုအကောင်းဆုံးဆုတို့အသီးသီးချီးမြှင့်ခဲ့သည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။