Connect with us

Hi, what are you looking for?

News

BPLA တပ် တစ်နှစ်ပြည့်သို့ ​မြောက်ပိုင်းညီ​နောင်သုံးဖွဲ့နှင့် KNDF သဝဏ်လွှာ​ပေးပို့

မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပြီး ဗမာလူမျိုးအပါအဝင် နှစ်ပေါင်းများစွာဖိနှိပ်ခံနေရသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်း ဖြစ်ပါစေဟုလည်း ဂုဏ်ပြုသဝဏ် လွှာတွင် ဖော်ပြသည်။

BPLA တပ် တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ - BPLA

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယ​နေ့ကျင်းပပြုလုပ်ခဲ့ပြီး AA၊TNLA နှင့်MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် KNDF တို့က ယနေ့(ဧပြီ ၁၇ ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့သည်။

၂၀၂၁ ဧပြီ ၁၇ ရက်ကစတင်ဖွဲ့စည်းခဲ့သော BPLA သည်လက်ရှိအချိန်တွင် ဗမာပြည်သူလူထုအချို့နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ယုံကြည်မှုကို ရရှိထားပြီး အချိန်တိုတိုအတွင်း စနစ်တကျ တိုက်ပွဲဝင်နိုင်သည့် အရည်အချင်း၊စစ်စည်းကမ်းကောင်း မွန် သော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရသောကြောင့် BPLA ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်တစ်ယောက်ချင်းစီ၏ ကြိုး ပမ်းအားထုတ်မှုကိုတန်ဖိုးထားအသိအမှတ်ပြုသည်ဟု ညီနောင် မဟာမိတ်သုံးဖွဲ့က ဆိုသည်။

BPLA တပ် တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ – BPLA

အလားတူ BPLA ၏ နိုင်ငံရေး၊စစ်ရေး၊ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး တက်နိုင်သရွေ့ ပံ့ပိုးဝန်းရံသွားမည်ဟုလည်း ထပ်မံ အသိပေးသည်။

မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပြီး ဗမာလူမျိုးအပါအဝင် နှစ်ပေါင်းများစွာဖိနှိပ်ခံနေရသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်း ဖြစ်ပါစေဟုလည်း ဂုဏ်ပြုသဝဏ် လွှာတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

BPLA သည် မြန်မာနိုင်ငံအဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေး၊လူမျိုးကြီးဝါဒချုပ်ငြိမ်းရေးနှင့် တရားမျှတရေး၊ကိုယ်ပိုင် ပြဌန်းခွင့်တို့အပြင် အမျိုးသားတန်းတူရေးကို အာမခံချက်ပေးသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာပြည်နယ် ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသော ခေတ်သစ်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်​စေးတပ်(KNDF)၏ ဂုဏ်ပြုသဝဏ်လွှာတွင် ပါရှိသည်။

ယခုလဆန်းပိုင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်၌ စစ်ကောင်စီတပ်များကို BPLAက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်အတူ ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ထားနိုင်ခဲ့သည်။

BPLA တပ် တည်​ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ – BPLA

၂၀၂၁ဖေဖော်ဝါရီ ၁ ရက်ကစ၍ အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတဝှမ်း တိုင်းရင်းသားလူမျိုးပေါင်းစုံအသီးသီးသည် နွေဦးတော်လှန်ရေးကို ဆင်နွှဲ​ပြီး ပုံစံမျိုးစုံဖြင့် ခုခံတော်လှန်ဆင်နွှဲနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။