Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မှာ ညမထွက်ရအမိန့်ကို ည ၈ နာရီ ပြန်ပြင်

စစ်ကောင်စီက အခုလို ညမထွက်ရအမိန့်ကို ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်တာကို ကော့ကရိတ်နယ်မြေအတွင်းမှာရှိတဲ့ ကေအဲန်ယူ တပ်မဟာ ၇ တပ်မဟာ ၆ ဆက်ဆံရေးတွေထံအပြင် အခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံးတွေထံ စာပေးပို့အကြောင်းထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့နယ်ရဲ့ လုံခြုံရေးအခြေအနေအရဆိုပြီး ညမထွက်အရအမိန့်ကို ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အထိ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဧပြီ ၁၉ ရက်ရက်စွဲနဲ့ ပြင်ဆင်သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ လူစုလူဝေးလုပ်တာ၊ ဟောပြောစီတန်းတာတွေ မပြုလုပ်ဖို့နဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့တာပါ။

အခုအခါမှာတော့ ကော့ကရိတ်မြို့နယ်ရဲ့လုံခြုံရေးအရဆိုပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ည ၈ နာရီကနေ မနက် ၄ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို ပြင်ဆင်သတ်မှတ်လိုက်ကာ ဒီအမိန့်ဟာ မြို့နယ်တစ်ခုလုံးအတွင်း သက်ရောက်မှာဖြစ်ပြီး နှစ်လသက်တမ်းအထိရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို ညမထွက်ရအမိန့်ကို ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်တာကို ကော့ကရိတ်နယ်မြေအတွင်းမှာရှိတဲ့ ကေအဲန်ယူ တပ်မဟာ ၇ တပ်မဟာ ၆ ဆက်ဆံရေးတွေထံအပြင် အခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံးတွေထံ စာပေးပို့အကြောင်းထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာလည်း ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်-မြ၀တီ အာရှလမ်းမ၊ ကော့ကရိတ်မြို့နယ်​ တောင်ဘက်ပိုင်းဒေသက ကျေးရွာတွေနဲ့ တောင်ကြာအင်းကျေးရွာတွေဘက်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။

တဖက်မှာလည်း ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းမှာ ပြည်သူလူထုရဲ့လုံခြုံရေးအတွက် ကေအဲန်ယူက ည ၇ နာရီကနေ မနက် ၆ နာရီအထိ သွားလာတာတွေမပြုလုပ်ကြဖို့ စည်းကမ်းချက်ထုတ်ပြန်ထားပြီး ဒူးပလာယာခရိုင်အတွင်းမှာ ကော့ကရိတ်၊ ကျုံဒိုး၊ နို့တကောနဲ့ ဝင်းရေးမြို့နယ်လည်း ပါဝင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်​၊ကော့ကရိတ်မြို့မြောက်ပိုင်းဒေါနတောင်လမ်းဟောင်းပိုင်းမှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေကြားပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ခြေလျင်တပ်တွေအထိနာတာကြောင့် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူပေးပြီးတိုက်ခိုက်ခဲ့ရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်​ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU တပ်မဟာ ( ၇) ပူးပေါင်းတပ်တို့အကြား အခုလ နိုဝင်ဘာ ၅ ရက်အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဒီနေ့ (ဇူလိုင် ၂၂)ရက်နေ့ မနက်အစောပိုင်းကစပြီးကရင်အမျိုးသားအစည်းအရုံး(KNU ) လက်အောက်ခံ KNLA တပ်မဟာ (၆ ) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ကော့ကရိတ်ဒေသခံသတင်းရင်းမြစ် တွေက ပြောပါတယ်။