Connect with us

Hi, what are you looking for?

LuduNwayOo

News

ကော့ကရိတ်မှာ ညမထွက်ရအမိန့်ကို ည ၈ နာရီ ပြန်ပြင်

စစ်ကောင်စီက အခုလို ညမထွက်ရအမိန့်ကို ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်တာကို ကော့ကရိတ်နယ်မြေအတွင်းမှာရှိတဲ့ ကေအဲန်ယူ တပ်မဟာ ၇ တပ်မဟာ ၆ ဆက်ဆံရေးတွေထံအပြင် အခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံးတွေထံ စာပေးပို့အကြောင်းထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့နယ်ရဲ့ လုံခြုံရေးအခြေအနေအရဆိုပြီး ညမထွက်အရအမိန့်ကို ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အထိ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဧပြီ ၁၉ ရက်ရက်စွဲနဲ့ ပြင်ဆင်သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ လူစုလူဝေးလုပ်တာ၊ ဟောပြောစီတန်းတာတွေ မပြုလုပ်ဖို့နဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့တာပါ။

အခုအခါမှာတော့ ကော့ကရိတ်မြို့နယ်ရဲ့လုံခြုံရေးအရဆိုပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ည ၈ နာရီကနေ မနက် ၄ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို ပြင်ဆင်သတ်မှတ်လိုက်ကာ ဒီအမိန့်ဟာ မြို့နယ်တစ်ခုလုံးအတွင်း သက်ရောက်မှာဖြစ်ပြီး နှစ်လသက်တမ်းအထိရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို ညမထွက်ရအမိန့်ကို ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်တာကို ကော့ကရိတ်နယ်မြေအတွင်းမှာရှိတဲ့ ကေအဲန်ယူ တပ်မဟာ ၇ တပ်မဟာ ၆ ဆက်ဆံရေးတွေထံအပြင် အခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံးတွေထံ စာပေးပို့အကြောင်းထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာလည်း ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်-မြ၀တီ အာရှလမ်းမ၊ ကော့ကရိတ်မြို့နယ်​ တောင်ဘက်ပိုင်းဒေသက ကျေးရွာတွေနဲ့ တောင်ကြာအင်းကျေးရွာတွေဘက်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။

တဖက်မှာလည်း ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းမှာ ပြည်သူလူထုရဲ့လုံခြုံရေးအတွက် ကေအဲန်ယူက ည ၇ နာရီကနေ မနက် ၆ နာရီအထိ သွားလာတာတွေမပြုလုပ်ကြဖို့ စည်းကမ်းချက်ထုတ်ပြန်ထားပြီး ဒူးပလာယာခရိုင်အတွင်းမှာ ကော့ကရိတ်၊ ကျုံဒိုး၊ နို့တကောနဲ့ ဝင်းရေးမြို့နယ်လည်း ပါဝင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။