Connect with us

Hi, what are you looking for?

News

ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ၇ ဖွဲ့​ပေါင်း၍ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ – SSRY ဖွဲ့စည်း

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် Eagle Force (Southern Shan Revolution Youth)၊Dove Guerrille Force (Southern Shan) ၊Dragon Force(Southern Shan)၊Tai PDF Southern Shan၊SSIR (Southern Shan Irine)နှင့်Dove KK (Metal Crew)တို့က ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ဟူ၍ စုစည်းလိုက်ကြောင်း ယနေ့(ဧပြီ ၂၁ရက်)ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနှစ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့်အတူ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ -Southern Shan Revolution Youth(SSRY)ဟူ၍ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် Eagle Force (Southern Shan Revolution Youth)၊Dove Guerrille Force (Southern Shan) ၊Dragon Force(Southern Shan)၊Tai PDF Southern Shan၊SSIR (Southern Shan Irine)နှင့်Dove KK (Metal Crew)တို့က ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ဟူ၍ စုစည်းလိုက်ကြောင်း ယနေ့(ဧပြီ ၂၁ရက်)ထုတ်ပြန်သည်။

Southern Shan Revolution Youth ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့(SSRY)တွင် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေကြသည့် လူငယ်များနှင့် အင်အားစုအဖွဲ့များကို ပြန်လည်စုစည်းပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ကာကွယ်ရေးဝန်ကြီး ဌာန၏ လမ်းညွှန်မှုအတိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း လူထုအား အသိပေးရှင်းပြထားသည်။

ရှမ်းပြည်နယ်တွင် စစ်ကောင်စီနှင့် နီးကပ်သောဆက်ဆံရေးရှိပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်မလာသည့် RCSSအဖွဲ့ ၊ ဝ နှင့်မိုင်းလားအဖွဲ့များ၏ ကြီးစိုးမှုကြောင့် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရေးတွင် အားမကောင်းကြောင်း လူငယ်များက ဝေဖန်နေကြသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် KIA၊TNLAနှင့် MNDAAကသာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီကို တိုက်ခိုက်နေခဲ့သည်။ RCSS၊ဝ ၊မိုင်းလား
နှင့် PNOကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြီးစိုးထားသည့်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွက် ဖွဲ့စည်းခဲ့သည့် ​ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ခက်ခက်ခဲခဲလှုပ်ရှားခဲ့ကြရသည်ဟု ကာယကံရှင်လူငယ်များကပြောသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးတွင် ငြိမ်သက်နေသည့် ဒေသအဖြစ် သတ်မှတ်ခံရသည့်အပေါ် ကြိတ်မနိုင်ခဲမရ ခံစားခဲ့ရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်အားထက်သန်သည့် လူငယ်များက​ပြောသည်။

ယနေ့ဖွဲ့စည်းလိုက်သည့် ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ကလည်း ရှမ်းပြည်၏ ဂုဏ်သိက္ခာအတွက် ပြန်လည် တိုက်ပွဲဝင်လိုသည့် ရဲဘော်များနှင့် အင်အားစုအဖွဲ့များကို ထပ်မံဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။

” တော်လှန်ရေးအဖွဲ့​တွေ အခုလို ပေါင်းစည်းတာမျက်ရည်ကျရတဲ့အထိ ဝမ်းသာတယ်။ ဒီတော်လှန်ရေးဟာ အောင်ကိုအောင်တော့မှာ” ဟု ရှမ်းတိုင်းရင်းသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်တောင်းပိုင်း၌ ရွာငံမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။ ရွာငံနှင့် ပင်းတယ အခြေစိုက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စစ်ကောင်စီအထိနာအောင် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။