Connect with us

Hi, what are you looking for?

News

ဦးသန်​ရွှေ၏ကျောက်ဆည်အိမ် ဒုတိယအကြိမ်ဗုံးအပစ်ခံရ

စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနေထိုင်ခဲ့သည့် အဆိုပါအိမ်ရာကို လက်ရှိတွင် နိုင်ငံတော်ဧည့်ရိပ်သာအဖြစ်အသုံးပြုနေသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ကျောက်ဆည်မြို့ရှိ နေအိမ် ဗုံးဖြင့်ပစ်ခတ်ခံရကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ ဧပြီလ ၂၂ရက် နံနက် ၁၁နာရီ ၃၀မိနစ်အချိန်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ စစ်အာဏာရှင်ဟောင်း သန်းရွှေအိမ်အား လုံခြုံရေးယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သား သုံးဦးအား လက်ပစ်ဗုံး(၁) လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျောက်ဆည်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ သတင်းထုတ်ပြန်သည်။

“အဲဒီစံအိမ်က ခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီ တိုက်ခိုက်ခံရတာ။ အထိအခိုက်မသိရသေးဘူး
ဖြစ်ပြီးတာနဲ့ တန်းပြီးလမ်းတွေပိတ်တာ စစ်ဆေးတာတွေလုပ်နေတယ်။မြို့အဝင်အထွက်က ဂိတ်တွေပါ စစ်နေတယ်။ ဆိုင်ကယ်တွေဆင်းပြီးတွန်းသွားရတယ်။”ဟု ကျောက်ဆည်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ဦးသန်းရွှေနေထိုင်ခဲ့သည့် အဆိုပါနေအိမ်ဝင်းအတွင်း ဗုံးဖြင့်ပစ်ခတ်ခံခဲ့ရသေးသည်။

Public Service Announcement

Public Service Announcement

စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနေထိုင်ခဲ့သည့် အဆိုပါအိမ်ရာကို လက်ရှိတွင် နိုင်ငံတော်ဧည့်ရိပ်သာအဖြစ်အသုံးပြုနေသည်။

ဆက်စပ်သတင်းများ

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

သတင်း

မနေ့ မေလ ၁၈ရက် ည ပိုင်းမှာလည်း အောင်မြေသာစံမြို့နယ် ၊ဥပုဒ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရတာရှိပါတယ်။

သတင်း

အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူးနဲ့ လဝက ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။ ဒဏ်ရာရသူ ၃ ဦးလုံးဟာအမျိုးသမီးတွေဖြစ်ကြပါတယ်။

သတင်း

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာလို့ဆိုထားပါတယ်။