မုံရွာ – ပုသိမ်အဝေးပြေးလမ်းမကြီး၊ မုံရွာ – ယာကြီး -ကလေးနှင့် မုံရွာ – ယင်းမာပင် – ပုလဲလမ်းမကြီးများအသုံးပြုမှုအတွက် အချိန်ကန့်သတ်ကြောင်း Yinmarbin Local People’s Defen ce Force (YMBLPDF)က ထုတ်ပြန်သည်။
ယနေ့(မေလ ၁ရက်)ကစ၍ အထက်ပါလမ်းပိုင်းများကို ပြည်သူများအနေဖြင့် နံနက် ၆နာရီမှ ညနေ၆နာရီအတွင်းသာ အသုံးပြု၍ ညနေ ၆နာရီနောက်ပိုင်းတွင် ခရီးသွားခြင်းလုံးဝ(လုံးဝ)မပြုရန် အထူးသတိပေးသည်။

“အခု သတိပေးထားတဲ့လမ်းပိုင်းတွေဆိုတာ စခ တွေစစ်ထိုးနေတဲ့ နေရာနဲ့ အနီးဆုံးမှာရှိတယ်။ယင်းမာပင် တောင်ပိုင်းနဲ့ မြောက်ပိုင်းပေါ့။မြောက်ပိုင်းမှာလည်း စခ အင်အားက ၁၀၀ ကျော်ရှိနေတယ်။ပုလဲနဲ့ ဆက်ပ်နေတဲ့ တောင်းပိုင်းခြမ်းမှာလည်း သတင်းတွေအရဆို စခ ၁၀၀ ထက်မနည်းဘူး စစ်ထိုးနေတယ်”ဟု ယင်းမာပင် မြို့နယ်အခြေစိုက် ဗျတ္တညီနောင်တပ်ဖွဲ့ ခေါင်းဆောင်က People’s Springသို့ ပြောသည်။

သတိပေးထားသည့် လမ်းပိုင်းများကိုအကြောင်းတစ်စုံတစ်ရာကြောင့် အသုံးပြု၍ ထိခိုက်နစ်နာသွားပါက အသုံးပြုသူ၏တာဝန်သာဖြစ်ကြောင်း YMBLPDFက ဆိုသည်။

Public Service Announcement
လမ်းပိုင်းများ ပြန်လည်အသုံးပြုနိုင်မည့်ရက်ကို ပြည်သူများထံ ထုတ်ပြန်အသိပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း သည် ယင်းမာပင်မြို့နယ် မင်းကံကြီးအုပ်စု၊ တမာပင်ခွ ၊သီးကုန်း ကျေးရွာများကို မီးရှို့ခဲ့ပြီးဒေသခံများ၏နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။


















































