Connect with us

Hi, what are you looking for?

News

မုံရွာ – ပုသိမ်၊ မုံရွာ – က​လေးနှင့် မုံရွာ – ပုလဲလမ်းပိုင်းများ အသုံးပြုမှုအချိန် ကန့်သတ်

သတိပေးထားသည့် လမ်းပိုင်းများကိုအကြောင်းတစ်စုံတစ်ရာကြောင့် အသုံးပြု၍ ထိခိုက်နစ်နာသွားပါက အသုံးပြုသူ၏တာဝန်သာဖြစ်ကြောင်း YMBLPDFက ဆိုသည်။

(မုံရွာ-ပုသိမ်လမ်းနှင့် မုံရွာ -ယင်းမာပင်-ပုလဲလမ်းပိုင်း ဖြစ်သည်။)

မုံရွာ – ပုသိမ်အဝေးပြေးလမ်းမကြီး၊ မုံရွာ – ယာကြီး -ကလေးနှင့် မုံရွာ – ယင်းမာပင် – ပုလဲလမ်းမကြီးများအသုံးပြုမှုအတွက် အချိန်ကန့်သတ်ကြောင်း Yinmarbin Local People’s Defen ce Force (YMBLPDF)က ထုတ်ပြန်သည်။

ယနေ့(မေလ ၁ရက်)ကစ၍ အထက်ပါလမ်းပိုင်းများကို ပြည်သူများအနေဖြင့် နံနက် ၆နာရီမှ ညနေ၆နာရီအတွင်းသာ အသုံးပြု၍ ညနေ ၆နာရီနောက်ပိုင်းတွင် ခရီးသွားခြင်းလုံးဝ(လုံးဝ)မပြုရန် အထူးသတိပေးသည်။

(မုံရွာ-ပုသိမ်လမ်းနှင့် မုံရွာ -ယင်းမာပင်-ပုလဲလမ်းပိုင်း ဖြစ်သည်။)

“အခု သတိပေးထားတဲ့လမ်းပိုင်းတွေဆိုတာ စခ တွေစစ်ထိုးနေတဲ့ နေရာနဲ့ အနီးဆုံးမှာရှိတယ်။ယင်းမာပင် တောင်ပိုင်းနဲ့ မြောက်ပိုင်းပေါ့။မြောက်ပိုင်းမှာလည်း စခ အင်အားက ၁၀၀ ကျော်ရှိနေတယ်။ပုလဲနဲ့ ဆက်ပ်နေတဲ့ တောင်းပိုင်းခြမ်းမှာလည်း သတင်းတွေအရဆို စခ ၁၀၀ ထက်မနည်းဘူး စစ်ထိုးနေတယ်”ဟု ယင်းမာပင် မြို့နယ်အခြေစိုက် ဗျတ္တညီနောင်တပ်ဖွဲ့ ခေါင်းဆောင်က People’s Springသို့ ပြောသည်။

(မုံရွာ-ပုသိမ်လမ်းနှင့် မုံရွာ -ယင်းမာပင်-ပုလဲလမ်းပိုင်း ဖြစ်သည်။)

သတိပေးထားသည့် လမ်းပိုင်းများကိုအကြောင်းတစ်စုံတစ်ရာကြောင့် အသုံးပြု၍ ထိခိုက်နစ်နာသွားပါက အသုံးပြုသူ၏တာဝန်သာဖြစ်ကြောင်း YMBLPDFက ဆိုသည်။

Public Service Announcement

Public Service Announcement

လမ်းပိုင်းများ ပြန်လည်အသုံးပြုနိုင်မည့်ရက်ကို ပြည်သူများထံ ထုတ်​ပြန်အသိပေးသွားမည်ဖြစ်ကြောင်းလည်း အသိ​ပေးထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း သည် ယင်းမာပင်မြို့နယ် မင်းကံကြီးအုပ်စု၊ တမာပင်ခွ ၊သီးကုန်း ကျေးရွာများကို မီးရှို့ခဲ့ပြီး​ဒေသခံများ၏နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Trending

Facebook