Connect with us

Hi, what are you looking for?

News

ကုလအထူးကိုယ်စားလှယ်နှင့် CRPH တွေ့ဆုံဆွေးနွေး

ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကို ယနေ့ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တွေ့ဆုံမှုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်သော အဖြေများ ရှာဖွေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်သည်။

ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အထက်ပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဖြူဖြူသင်းနှင့် မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။