Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလအထူးကိုယ်စားလှယ်နှင့် CRPH တွေ့ဆုံဆွေးနွေး

ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကို ယနေ့ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တွေ့ဆုံမှုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်သော အဖြေများ ရှာဖွေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်သည်။

ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အထက်ပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဖြူဖြူသင်းနှင့် မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုတပ်ချုပ်နဲ့ ဆွေးနွေးမှုမတိုင်ခင် ရက်သတ္တပတ်အလို ဇန်နဝါရီလ ၁၅ ရက်က ကရင်နဲ့မွန် ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဗိုလ်မှူးကြီးစောချစ်သူတို့ ကြား ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ကြာအင်းရွာမှာ တွေ့ဆုံထားပါတယ်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။