Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအတွက် အသုံးချခံခြင်းနှင့်အသေခံခြင်း ဆက်မလုပ်ရန် စစ်သားများအား UDLA တိုက်တွန်း

“အခုလို အဓိပ္ပါယ်မဲ့ အသုံးချခံ၊ အသေခံတာမျိုး ဆက်မလုပ်ပါနဲ့တော့” ဟု UDLA က စစ်ကောင်စီတပ်သားများ အနေဖြင့် စစ်ကောင်စီ၏ အသုံးချမခံဘဲ ပြည်သူကိုသာ အကာအကွယ်ပေးရန် ကမ်းလှမ်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အသုံးချမခံဘဲ ပြည်သူ လူထုကိုသာအကာအကွယ်ပေးရန်ပြည်ထောင်စု ကာ ကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာ မိတ်တပ်ပေါင်းစု (UDLA)က စစ်ကောင်စီ၏စစ်သားများအား ကမ်း လှမ်းလိုက်သည်။

ဇူလိုင် ၂၈ရက်က ဂန့်ဂေါ – ထီးလင်း လမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို ယောဒေသခံ ကာကွယ်ရေး အဖွဲ့ (YDF) က တိုက်ခိုက်တဲ့ ဖြစ်စဉ်ကို UDLAက ရှင်းလင်း ချက်ထုတ်ပြန်ရာ၌ ယင်းသို့ ကမ်းလှမ်းခဲ့သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မင်းတပ်မြို့နယ် မကွီအိမ်နူးရဲစခန်းမှ စစ်သားများ၊ ရဲများကဲ့သို့ လက်နက် ချပြီး ပြည်သူလူထုနှင့် ပူးပေါင်းပါက အပြန်အလှန် ကာကွယ်ပေးသွားမည်ဟု UDLAက ဆိုသည်။ ဇူလိုင် ၂၈ ရက်က မကွီအိမ်နူးတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ဝင်ရောက်တိုက်ခိုက်ရာ စစ်သားများ၊ ရဲများက ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းခဲ့သည်။

ဂန့်ဂေါ- ထီးလင်းလမ်းတွင် ဇူလိုင်၂၈ရက်က စစ်ကောင်စီယာဉ် ၄စီးကို YDFက မိုင်းများစွာဖြင့် တစ်ပြိုင် တည်း တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး ထိခိုက်ပြီး စစ်သား ၂၀ကျော် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု UDLAက ဆို သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီသည် ယောနယ်ရှိလက် အောက်ခံစစ်သားများကို ခြိမ်းခြောက်ဖိအားပေးပြီး စစ်ပွဲအရှိန်အဟုန် မြှင့်ရန် စေခိုင်းနေခြင်းများရှိကြောင်း၊ YDF အနေဖြင့် စစ်သားများအား တိုက်ခိုက်ရခြင်းသည် မိမိဒေသ လုံခြုံရေးအတွက် ခုခံကာကွယ်ရခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“အခုလို အဓိပ္ပါယ်မဲ့ အသုံးချခံ၊ အသေခံတာမျိုး ဆက်မလုပ်ပါနဲ့တော့” ဟု UDLA က စစ်ကောင်စီတပ်သားများ အနေဖြင့် စစ်ကောင်စီ၏ အသုံးချမခံဘဲ ပြည်သူကိုသာ အကာအကွယ်ပေးရန် ကမ်းလှမ်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့၊ ဒေသအသီးသီးရှိ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရန် ပုံစံအမျိုးမျိုးဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့များက အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီကို သတင်း ပေးသည့် ဒလန်များ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူများကိုလည်း မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။