Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအတွက် အသုံးချခံခြင်းနှင့်အသေခံခြင်း ဆက်မလုပ်ရန် စစ်သားများအား UDLA တိုက်တွန်း

“အခုလို အဓိပ္ပါယ်မဲ့ အသုံးချခံ၊ အသေခံတာမျိုး ဆက်မလုပ်ပါနဲ့တော့” ဟု UDLA က စစ်ကောင်စီတပ်သားများ အနေဖြင့် စစ်ကောင်စီ၏ အသုံးချမခံဘဲ ပြည်သူကိုသာ အကာအကွယ်ပေးရန် ကမ်းလှမ်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အသုံးချမခံဘဲ ပြည်သူ လူထုကိုသာအကာအကွယ်ပေးရန်ပြည်ထောင်စု ကာ ကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာ မိတ်တပ်ပေါင်းစု (UDLA)က စစ်ကောင်စီ၏စစ်သားများအား ကမ်း လှမ်းလိုက်သည်။

ဇူလိုင် ၂၈ရက်က ဂန့်ဂေါ – ထီးလင်း လမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို ယောဒေသခံ ကာကွယ်ရေး အဖွဲ့ (YDF) က တိုက်ခိုက်တဲ့ ဖြစ်စဉ်ကို UDLAက ရှင်းလင်း ချက်ထုတ်ပြန်ရာ၌ ယင်းသို့ ကမ်းလှမ်းခဲ့သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မင်းတပ်မြို့နယ် မကွီအိမ်နူးရဲစခန်းမှ စစ်သားများ၊ ရဲများကဲ့သို့ လက်နက် ချပြီး ပြည်သူလူထုနှင့် ပူးပေါင်းပါက အပြန်အလှန် ကာကွယ်ပေးသွားမည်ဟု UDLAက ဆိုသည်။ ဇူလိုင် ၂၈ ရက်က မကွီအိမ်နူးတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ဝင်ရောက်တိုက်ခိုက်ရာ စစ်သားများ၊ ရဲများက ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းခဲ့သည်။

ဂန့်ဂေါ- ထီးလင်းလမ်းတွင် ဇူလိုင်၂၈ရက်က စစ်ကောင်စီယာဉ် ၄စီးကို YDFက မိုင်းများစွာဖြင့် တစ်ပြိုင် တည်း တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး ထိခိုက်ပြီး စစ်သား ၂၀ကျော် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု UDLAက ဆို သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီသည် ယောနယ်ရှိလက် အောက်ခံစစ်သားများကို ခြိမ်းခြောက်ဖိအားပေးပြီး စစ်ပွဲအရှိန်အဟုန် မြှင့်ရန် စေခိုင်းနေခြင်းများရှိကြောင်း၊ YDF အနေဖြင့် စစ်သားများအား တိုက်ခိုက်ရခြင်းသည် မိမိဒေသ လုံခြုံရေးအတွက် ခုခံကာကွယ်ရခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“အခုလို အဓိပ္ပါယ်မဲ့ အသုံးချခံ၊ အသေခံတာမျိုး ဆက်မလုပ်ပါနဲ့တော့” ဟု UDLA က စစ်ကောင်စီတပ်သားများ အနေဖြင့် စစ်ကောင်စီ၏ အသုံးချမခံဘဲ ပြည်သူကိုသာ အကာအကွယ်ပေးရန် ကမ်းလှမ်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့၊ ဒေသအသီးသီးရှိ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရန် ပုံစံအမျိုးမျိုးဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့များက အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီကို သတင်း ပေးသည့် ဒလန်များ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူများကိုလည်း မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။