Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုဗစ်လူနာတစ်ဦး မဖြစ်မနေ ဂရုစိုက်သင့်သောအချက်များ

ကိုဗစ်လူနာတစ်ဦးအတွက် မဖြစ်မနေ ဒီအချက်တွေကို သေချာ လုပ်ပေးရပါမယ်။

ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ လူနာရဲ့ အရေးကြီးတဲ့ ကိန်းဂဏန်းတွေကို လူနာမှတ်တမ်းဇယားနဲ့ မှတ်သားထားရပါမယ်။
ရောဂါလက္ခဏာ တစ်ခုခုစပြတဲ့ ရက်စွဲ သေချာရေးမှတ်ထားပါ။ ပြီးရင်

  • သွေးတွင်းအောက်စီဂျင်ပမာမဏ
  • ကိုယ်အပူချိန်
  • သွေးပေါင်ချိန်
  • နှလုံးခုန်နှုန်း
  • တစ်မိနစ်အတွင်း အသက်ရှူတဲ့အကြိမ်အရေအတွက်
    ဒါတွေကို ဇယားမှာ ရေးမှတ်ရပါမယ်။
  • ဆီးချိုရောဂါအခံရှိသူတွေကတော့ သွေးတွင်းသကြားဓာတ်ကို ထည့်သွင်းတိုင်းတာရေးမှတ်ရပါမှာဖြစ်ပါတယ်။
    ဖြစ်နိုင်ရင်တော့ အဲဒီကိန်းဂဏန်းတွေကို တစ်ရက် လေးကြိမ်ပုံမှန်တိုင်းပေးဖို့လိုအပ်ပြီးတော့ အသက်ကြီးသူ၊ ရောဂါအခံရှိသူ၊ အဝလွန်သူတွေက သွေးတွင်းအောက်စီဂျင်ကို ၂ နာရီခြားတိုင်းပေးသင့်ပါတယ်။
    တကယ်လို့ လူနာမှတ်တမ်းမှာ အောက်စီဂျင်က ၉၀ ရောက်သွားရင်၊ အသက်ရှူနှုန်းက တစ်မိနစ် အကြိမ် ၃၀ အထက်ရှူနေရင် ဆရာဝန်နဲ့အမြန်ဆုံးချိတ်ဆက်ပြီးတော့ ကုသညွှန်ကြားမှု ရယူရမှာဖြစ်ပါတယ်။

ကိုးကား – NUG Covid-19 Guide Line

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။