Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တွင်းနေရာအများစုကို အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းများပိတ်ထား

ရန်ကုန်မြို့လယ်ရှိ တရားရုံးချုပ်အနီး ​ပေါက်ကွဲမှုဖြစ်ပွား​​​ကြောင်း ပြည်သူအချို့က ​ပြောဆို​နေကြ​သော်လည်း People’s Springက သီးခြားအတည်မပြုနိုင်​သေးပါ။

ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်း၊ မဟာဗန္ဓုလမ်း၊ အနော်ရထာလမ်း၊ ရွှေတိဂုံဘုရားလမ်းနှင့် နေရာအချို့ကို ယ​နေ့ ည​နေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လမ်းများပိတ်ဆို့ထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ညနေ ၃ နာရီခွဲလောက်ထဲက မြို့ထဲက လမ်းတော်တော်များများကို အကာတွေနဲ့ တားပြီး ပိတ်ထားတာပါ။ ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ရဲတွေရော စစ်သားတွေရော အများကြီးပဲ ရောက်နေတယ်။ မော်တော်ပီကယ် တစ်ယောက်ပြောတာတော့ ဗုံးတွေ့လို့ ပြောတာပဲ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ တရားရုံးချုပ်အနီး ​ပေါက်ကွဲမှုဖြစ်ပွား​​​ကြောင်း ပြည်သူအချို့က ​ပြောဆို​နေကြ​သော်လည်း People’s Springက သီးခြားအတည်မပြုနိုင်​သေးပါ။

ယနေ့ နေ့လည်ပိုင်းတွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။