Connect with us

Hi, what are you looking for?

News

ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်နေသည့် စစ်ကောင်စီ၏လုပ်ရပ်များအပေါ် ကန့်ကွက်ကြောင်း နွေဦးတော်လှန်ရေးသံဃာကွန်ရက် ထုတ်ပြန်

ဒီမိုကရေစီလိုလားသည့်ပြည်တွင်းပြည်ပမှဓမ္မနှင့်လျော်ညီသောသံဃာတော်များစုစည်းညီညွတ်စွာဖြင့် ‌နွေဦးတော်လှန်ရေးသံဃာကွန်ရက်ကိုဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည်တိုင်းပြည်၌ COVID-19 တတိယလှိုင်းဖြစ်ပေါ်လာချိန်တွင် ကာကွယ်ခြင်းကုသခြင်းစောင့်ရှောက်ခြင်းများပြုလုပ်ရမည့်အစားအငြိုးအာဃာတကြီးစွာဖြင့်COVID-19ကိုလက်နက်သဖွယ်အသုံးချပြီးတိုင်းသူပြည်သားများအပေါ်ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေခြင်းအားအပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း နွေဦးတော်လှန်ရေးသံဃာကွန်ရက်က ထုတ်ပြန် သည်။

ဒီမိုကရေစီလိုလားသည့်ပြည်တွင်းပြည်ပမှဓမ္မနှင့်လျော်ညီသောသံဃာတော်များစုစည်းညီညွတ်စွာဖြင့် ‌နွေဦးတော်လှန်ရေးသံဃာကွန်ရက်ကိုဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည်ဘာသာရေးဆိုင်ရာနေရာများပေါ်တွင် တပ်စွဲထားခဲ့ကြပြီးဘာသာရေးဆိုင်ရာအဆောက်အဦးများကိုဖျက်ဆီးခြင်း၊ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကိုဝင်ရောက်စီးနင်းလျက်ရဟန်းသံဃာများကိုရိုက်နှက်ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇူလိုင် ၂၉ရက်က မန္တလေးမြတောင်ကျောင်းတိုက်ကို စစ်ကောင်စီတပ်များ အဓမ္မဝင်ရောက်စီးနင်းချိန်တွင် နာယက ဆရာတော် နှစ်ပါးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်ကောင်စီ၏ ထိုလုပ်ရပ်ကြောင့် ကိုဗစ်ရောဂါဖြစ်နေသောရွှေဝါဝင်းကျောင်းဆရာတော် အထိတ်တလန့်ဖြစ်ကာပျံလွန်တော်မူခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိပြီး ယင်းသို့ ဆောင်ရွက်ချက်အပေါ် အပြင်းအထန်ကန့်ကွက်ရှုံ့ချခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသောအစိုးလူကြီးမင်းများ၊ရဟန်းလူရှင်များအားဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ကြသောပြည်သူလူထုကိုရက်စက်စွာပစ်ခတ်သတ်ဖြတ်ခြင်းများကိုလည်း အပြင်းအထန်ကန့်ကွက်ရှုံ့ချသည်ဟု နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကိုအားပေးထောက်ခံနေကြသောရဟန်းရှင်လူအသင်းအဖွဲ့အားလုံးတို့အားအပြင်း အထန်ကန့်ကွက်ရှုံ့ချကြောင်းနှင့် ဤကွန်ရက်သည် အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံဖြစ်ထွန်းပေါ်ပေါက်ရေး၊ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေးတို့အတွက်ပြည်သူလူထုနှင့်အတူတသားတည်းအမြဲရပ်တည်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ‌ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ကိုရီးယားနိုင်ငံ မှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ရာ ဦးဆောင်မှုလည်း မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားကြမည်ဆိုပါက နွေဦးတော်လှန်ရေး ၂နှစ်အတွင်း မအောင်မြင်နိုင်စရာ မရှိကြောင်း SCEF ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းဖြေကြားခဲ့တယ်လို့ ကိုရီးယားနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်ရုံးက...

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

Facebook