Connect with us

Hi, what are you looking for?

News

ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်နေသည့် စစ်ကောင်စီ၏လုပ်ရပ်များအပေါ် ကန့်ကွက်ကြောင်း နွေဦးတော်လှန်ရေးသံဃာကွန်ရက် ထုတ်ပြန်

ဒီမိုကရေစီလိုလားသည့်ပြည်တွင်းပြည်ပမှဓမ္မနှင့်လျော်ညီသောသံဃာတော်များစုစည်းညီညွတ်စွာဖြင့် ‌နွေဦးတော်လှန်ရေးသံဃာကွန်ရက်ကိုဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည်တိုင်းပြည်၌ COVID-19 တတိယလှိုင်းဖြစ်ပေါ်လာချိန်တွင် ကာကွယ်ခြင်းကုသခြင်းစောင့်ရှောက်ခြင်းများပြုလုပ်ရမည့်အစားအငြိုးအာဃာတကြီးစွာဖြင့်COVID-19ကိုလက်နက်သဖွယ်အသုံးချပြီးတိုင်းသူပြည်သားများအပေါ်ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေခြင်းအားအပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း နွေဦးတော်လှန်ရေးသံဃာကွန်ရက်က ထုတ်ပြန် သည်။

ဒီမိုကရေစီလိုလားသည့်ပြည်တွင်းပြည်ပမှဓမ္မနှင့်လျော်ညီသောသံဃာတော်များစုစည်းညီညွတ်စွာဖြင့် ‌နွေဦးတော်လှန်ရေးသံဃာကွန်ရက်ကိုဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည်ဘာသာရေးဆိုင်ရာနေရာများပေါ်တွင် တပ်စွဲထားခဲ့ကြပြီးဘာသာရေးဆိုင်ရာအဆောက်အဦးများကိုဖျက်ဆီးခြင်း၊ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကိုဝင်ရောက်စီးနင်းလျက်ရဟန်းသံဃာများကိုရိုက်နှက်ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇူလိုင် ၂၉ရက်က မန္တလေးမြတောင်ကျောင်းတိုက်ကို စစ်ကောင်စီတပ်များ အဓမ္မဝင်ရောက်စီးနင်းချိန်တွင် နာယက ဆရာတော် နှစ်ပါးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်ကောင်စီ၏ ထိုလုပ်ရပ်ကြောင့် ကိုဗစ်ရောဂါဖြစ်နေသောရွှေဝါဝင်းကျောင်းဆရာတော် အထိတ်တလန့်ဖြစ်ကာပျံလွန်တော်မူခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိပြီး ယင်းသို့ ဆောင်ရွက်ချက်အပေါ် အပြင်းအထန်ကန့်ကွက်ရှုံ့ချခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသောအစိုးလူကြီးမင်းများ၊ရဟန်းလူရှင်များအားဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ကြသောပြည်သူလူထုကိုရက်စက်စွာပစ်ခတ်သတ်ဖြတ်ခြင်းများကိုလည်း အပြင်းအထန်ကန့်ကွက်ရှုံ့ချသည်ဟု နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကိုအားပေးထောက်ခံနေကြသောရဟန်းရှင်လူအသင်းအဖွဲ့အားလုံးတို့အားအပြင်း အထန်ကန့်ကွက်ရှုံ့ချကြောင်းနှင့် ဤကွန်ရက်သည် အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံဖြစ်ထွန်းပေါ်ပေါက်ရေး၊ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေးတို့အတွက်ပြည်သူလူထုနှင့်အတူတသားတည်းအမြဲရပ်တည်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook