Connect with us

Hi, what are you looking for?

ဗီဒီယို

ပူတင် ကျန်းမာရေး ဆိုးရွားနေတယ်ဆိုတဲ့ ကောလာဟလတွေကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ငြင်းပယ်

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ နေ့တိုင်းလိုလို လူမြင်ကွင်း ထွက်ပြီး အလုပ်လုပ်နေကြောင်း၊ ပုံမှန် မိန့်ခွန်းပြောတာတွေ၊ အစိုးရ အဖွဲ့ကို ဦးစီး ညွှန်ကြားတာတွေ ပြုလုပ်နေကြောင်း၊ သမ္မတမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ဘယ်လို ရောဂါ လက္ခဏာမျိုးမှ ပြသတာ မတွေ့ရကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ကောလာဟလတွေကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ငြင်းပယ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပူတင်ဟာ အပြင်းအထန် နာမကျန်း ဖြစ်နေပြီး ကင်ဆာ ရောဂါ စွဲကပ်နေတယ်လို့ ယုံကြည်ရကြောင်း ကောလာဟလတွေ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ လက်ဗ်ရော့ဗ်ကတော့ နိုင်ငံခေါင်းဆောင်ဟာ ကျန်းကျန်းမာမာ၊ အဆင်ပြေပြေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ နေ့တိုင်းလိုလို လူမြင်ကွင်း ထွက်ပြီး အလုပ်လုပ်နေကြောင်း၊ ပုံမှန် မိန့်ခွန်းပြောတာတွေ၊ အစိုးရ အဖွဲ့ကို ဦးစီး ညွှန်ကြားတာတွေ ပြုလုပ်နေကြောင်း၊ သမ္မတမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ဘယ်လို ရောဂါ လက္ခဏာမျိုးမှ ပြသတာ မတွေ့ရကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

ပူတင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အမေရိကန် ထောက်လှမ်းရေးက အတည်ပြုခဲ့တာမျိုး မရှိပါဘူး။ အိမ်ဖြူတော်ကတော့ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပူတင်ရဲ့ စိတ်အခြေအနေကိုတော့ သတိထား စောင့်ကြည့်ဖို့လိုကြောင်း မှတ်ချက် ပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မတ်လတုန်းက ပူတင်ရဲ့ အမာခံ မဟာမိတ်ဖြစ်သူ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက သူ့မိတ်ဆွေကြီးဟာ အရမ်း ကျန်းမာ ကြံ့ခိုင်နေပြီး အရင်ကထက်တောင် သန်စွမ်းနေသေးတယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။