Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ပူတင် ကျန်းမာရေး ဆိုးရွားနေတယ်ဆိုတဲ့ ကောလာဟလတွေကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ငြင်းပယ်

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ နေ့တိုင်းလိုလို လူမြင်ကွင်း ထွက်ပြီး အလုပ်လုပ်နေကြောင်း၊ ပုံမှန် မိန့်ခွန်းပြောတာတွေ၊ အစိုးရ အဖွဲ့ကို ဦးစီး ညွှန်ကြားတာတွေ ပြုလုပ်နေကြောင်း၊ သမ္မတမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ဘယ်လို ရောဂါ လက္ခဏာမျိုးမှ ပြသတာ မတွေ့ရကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ကောလာဟလတွေကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ငြင်းပယ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပူတင်ဟာ အပြင်းအထန် နာမကျန်း ဖြစ်နေပြီး ကင်ဆာ ရောဂါ စွဲကပ်နေတယ်လို့ ယုံကြည်ရကြောင်း ကောလာဟလတွေ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ လက်ဗ်ရော့ဗ်ကတော့ နိုင်ငံခေါင်းဆောင်ဟာ ကျန်းကျန်းမာမာ၊ အဆင်ပြေပြေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ နေ့တိုင်းလိုလို လူမြင်ကွင်း ထွက်ပြီး အလုပ်လုပ်နေကြောင်း၊ ပုံမှန် မိန့်ခွန်းပြောတာတွေ၊ အစိုးရ အဖွဲ့ကို ဦးစီး ညွှန်ကြားတာတွေ ပြုလုပ်နေကြောင်း၊ သမ္မတမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ဘယ်လို ရောဂါ လက္ခဏာမျိုးမှ ပြသတာ မတွေ့ရကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

ပူတင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အမေရိကန် ထောက်လှမ်းရေးက အတည်ပြုခဲ့တာမျိုး မရှိပါဘူး။ အိမ်ဖြူတော်ကတော့ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပူတင်ရဲ့ စိတ်အခြေအနေကိုတော့ သတိထား စောင့်ကြည့်ဖို့လိုကြောင်း မှတ်ချက် ပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မတ်လတုန်းက ပူတင်ရဲ့ အမာခံ မဟာမိတ်ဖြစ်သူ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက သူ့မိတ်ဆွေကြီးဟာ အရမ်း ကျန်းမာ ကြံ့ခိုင်နေပြီး အရင်ကထက်တောင် သန်စွမ်းနေသေးတယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။