Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကိုအပေါ် သေဒဏ်ချမှတ်မှုကို အလွန်အမင်းစိတ်သောကဖြစ်မိကြောင်း ကုလထုတ်ပြန်

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်မှုအပေါ် အတည်ပြုကြောင်း ယမန်နေ့က ၎င်း၏ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့သည်။

ဦးဂျင်မီ
ဦးဂျင်မီ

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို သေဒဏ်ချမှတ်မှုကို ဆက်လက်စီရင်မည့် မြန်မာ စစ်တပ်၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်းစိတ်သောကဖြစ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆို ခွင့်ရှိသူက ထုတ်ပြန်သည်။

ယင်းသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ ချက်စာတမ်းအပိုဒ် ၃ပါ လူသားတစ်ဦး၏ ဘ၀၊ လွတ်လပ်မှု၊ လုံခြုံရေးရပိုင်ခွင့်ကို ဗြောင်ကျကျချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်မှုအပေါ် အတည်ပြုကြောင်း ယမန်နေ့က ၎င်း၏ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့သည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်နှင့် သဘောထားအမြင်ကို လေးစားရန်၊ အခြေခံလွတ်လပ် ခွင့်နှင့်ရပိုင်ခွင့်များကို ကျင့်သုံးသူများကို ဖမ်းဆီးထိန်းသိမ်းကာ စွဲချက်တင်ထားမှုအားလုံးကို ပယ်ဖျက်ရန်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းတွင် ဥပဒေရှေ့မှောက်၌ တန်းတူညီမျှခွင့်မူများ၊ အပြစ်ကင်းစင်မှုကို မှတ်ယူခြင်း၊ လွတ်လပ်သော၊ ဓမ္မဓိဌာန်ကျသော တရားရုံးများက တရားမျှတပြီး အများပြည်သူရှေ့ကြားနာခွင့်နှင့် လူသားတစ်ဦ၏ခုခံပိုင်ခွင့်အတွက် လိုအပ်သော အာမခံချက်အားလုံးရရှိရေးစသည်တို့ကို ထည့်သွင်းပြဌာန်းထားသည်။

ထို့အပြင် သေဒဏ်ချမှတ်ခြင်းသည် အသက်ရှင်သန်ခွင့်ကို အပြည့်အ၀လေးစားမှုနှင့် သင့်မြတ်နိုင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မှတ်ယူသည်။

လူ့ဂုဏ်သိက္ခာတိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးအစဉ်ဖွံ့ဖြိုးရေးအတွက် (သေဒဏ်ချမှတ်ခြင်းကို) ပယ်ဖျက်မှုက လိုအပ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။